မန္တလေးမြို့၌ Community Fun Run အပြေးပြိုင်ပွဲ ကျင်းပ

 

မန္တလေး ဇူလိုင် ၆

 

မဟာနက်အင်တာနက်ကုမ္ပဏီကဦးစီး၍ Community Fun Run အပြေးပြိုင်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ရွှေမန်းတောင်ခြေအားကစားကွင်း တာလွှတ်စုရပ်နေရာ၌ ကျင်းပသည်၊၊

 

ပြိုင်ပွဲတွင် မန္တလေးအောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းမှ အပြေးပြိုင်ပွဲဝင် ၁၀၀၀ ကျော်တို့က သတ်မှတ်တာလွှတ်စုရပ်တွင် ရောက်ရှိနေရာယူကြသည်။

 

ထို့နောက် မဟာနက်ကုမ္ပဏီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အချက်ပြတာလွှတ်ရာ စုရပ်မှပြိုင်ပွဲဝင်များက ကျုံးတစ်ပတ်အပြေးပြိုင်ကြပြီး ရွှေမန်းတောင်ခြေ အားကစားကွင်းအတွင်းသို့ ယှဉ်ပြိုင်ပန်းဝင်ခဲ့ကြသည်။

ဆက်လက်၍ မဟာနက်မှတာဝန်ရှိသူတို့က ပထမဆုံးပန်းဝင်သူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်မောင်-မန္တလေး