မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ    ၁၇ 


မန္တလေးတိုင်းဒေသကြီး   အမရပူရ မြို့နယ်တွင် ငွေကျပ်သိန်း ၅၆၀၀ ကျော်   တန်ဖိုးရှိ    ဘိန်းဖြူများ  ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 

 


ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်    နိုဝင်ဘာ   ၁၆   ရက်  ညနေ ၄ နာရီတွင် မန္တလေးတိုင်း ဒေသကြီး      အမရပူရမြို့နယ် စွယ်တော်   ကားဝင်းရှေ့တွင်  ဘိုဘိုဌေး  (၃၆)  နှစ် မောင်းနှင် သည့်  FUSO  ၁၂ ဘီး မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဆပ်ပြာ ခွက်  ၂၂၅၇ ခွက်ဖြင့် ထည့်ထား သော ဒေသကာလတန်ဖိုးငွေကျပ် သိန်း   ၅၆၀၀  ကျော်တန်ဖိုးရှိ    ဘိန်းဖြူ ၂၂  ဒသမ  ၅၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး       စစ်ဆေး ဖော်ထုတ်ချက်အရ      အဆိုပါ  ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း   သိရှိရသဖြင့်   ၎င်းအား  ဥပဒေအရ   အရေးယူထားရှိပြီး  ကွင်းဆက် ပြစ်မှုကျူးလွန်သူများ အား        ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း   သိရ သည်။  
 

သတင်းစဉ်