မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ခူလည်ကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

 

နေပြည်တော်   ဒီဇင်ဘာ    ၉


အကြမ်းဖက်  အဖွဲ့များဖြစ်သော CRPH နှင့် NUG  အဖွဲ့များသည် နိုင်ငံရေးအမည်ခံ      ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်    နိုင်ငံ အတွင်း    တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များ ဖြင့်      အကြမ်းဖက်တိုက်ခိုက်မှု များကို လုပ်ဆောင်လျက်ရှိသည်။ 

 


အကြမ်းဖက်     လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊  ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့်      နိုင်ငံအတွင်း ပို့ဆောင်၍      အများပြည်သူ ယုံကြည်   ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့တွင် သိုဝှက်သိမ်းဆည်းခြင်း၊ ဘာသာ ရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်၍  အကြမ်း ဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ   လုပ် ဆောင်လျက်ရှိသည်။ 

 


ထိုသို့ အကြမ်းဖက်လုပ်ငန်း များ လုပ်ဆောင်နိုင်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်    စုံစမ်းရှာဖွေဖော်ထုတ်မှု များကို   ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး စဉ့်ကူး မြို့နယ် ခူလည်ကျေးရွာရှိ  မဏိ ဇောတိက ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း   တရားမဝင်  လက် နက်၊  ခဲယမ်းနှင့်  ဆက်စပ်ပစ္စည်း များ      သိုဝှက်သိမ်းဆည်းထား ကြောင်း တာဝန်သိပြည်သူတို့၏ သတင်းပေးပို့မှုအရ     ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် အဆိုပါကျောင်း အား သွားရောက်၍  ဖော်ထုတ် သိမ်းဆည်းမှုများ ဆောင်ရွက်ခဲ့ သည်။   ထိုသို့ရှာဖွေဖော်ထုတ်ခဲ့ ရာတွင် အဆိုပါကျောင်းတိုက်ရှိ ဥူးအာစာရ  (ဝါတော် ၄ ဝါ)   (ခ) ဦးညီနိုင် ၃၉ နှစ် (ဘ) ဦးနတ်ပေါ်၏ ထွက်ဆိုချက်အရ ဆွမ်းစားဆောင် အနောက်ဘက်တွင် မြေကြီးအတွင်း မြှုပ်နှံထားသော   KA   သေနတ် အလက် ၂၀၊ ၎င်းကျည်အိမ် ၆၀၊ ၎င်းကျည်အတောင့်      ၇၀၀၀၊ လက်ပစ်ဗုံး ၉၇ လုံး၊ အီနာဂါ ၅၄ လုံး၊   လျှပ်စစ်စနစ်တံ  အချောင်း ၃၀၀၊ ယမ်းမှုန့် ၁၅ ပိဿာခန့်၊ သေနတ်လွယ်ကြိုးနှင့် စစ်ချပ်ဝတ် အခု ၂၀ စီတို့အား သိမ်းဆည်းရမိ ခဲ့သည်။

 


အလားတူ ဇူလိုင် ၂၉ ရက်၌ လည်း   မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၈၅ x ၈၆ လမ်းကြားရှိ မြတောင် ဘုန်းကြီးကျောင်းတိုက်အတွင်း အကြမ်းဖက်သမားများ ခိုအောင်း  နေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက တိုက်အုပ်ဆရာ တော်ဘုရားထံခွင့်ပန်၍ ဝင်ရောက် ရှာဖွေခဲ့ရာ  အကြမ်းဖက်သမား တစ်ဦးနှင့် ရှော့တိုက်လက်လုပ် မိုင်း   ၁၄ လုံး၊   လက်လုပ်မိုင်း အကြီး   လေးလုံး၊  အကြမ်းဖက် ရာတွင်အသုံးပြုသည့်     ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍   ကျောင်းတိုက်ဝင်း အတွင်းရှိ   ဦးဩဘာသကျောင်း အား ထပ်မံရှာဖွေဖော်ထုတ်ခဲ့ရာ Air Gun အတို တစ်လက်၊ လက် လုပ်မိုင်းအကြီး ၁၄ လုံး၊ အကြမ်း ဖက်သမားများကို ထောက်ပံ့မည့် ငွေသားအချို့တို့ကို   သိမ်းဆည်း ရမိခဲ့သည်။

 


အလားတူ စက်တင်ဘာ ၁၃ ရက်တွင် အကြမ်းဖက်သမားများ သည် CDM ဘဏ်ဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ ပဲခူးမြို့ ဧရာဝတီဘဏ် ခွဲ (၁) မှ    ငွေကျပ်    ၄ ဘီလီယံ တင်ဆောင်လာသည့် မော်တော် ယာဉ် နှစ်စီးအား ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅) နေရာ၌   ယာဉ်ထိန်းရဲ ဝတ်စုံများ ဝတ်ဆင်ကာ ဘဏ်ငွေ များ ဓားပြတိုက်လုယက်ယူဆောင် ပြီး  လက်နက်/  ခဲယမ်းများနှင့် ငွေများအား         ဥဿာမြို့သစ် ရပ်ကွက်ကြီး  (၈) ရှိ    “ဓမ္မဒူတ” သီလရှင်ကျောင်းတိုက်ရှိ ဒေါ်ဥပ္ပ သမာ နှင့် ဒေါ်ဓမ္မစာရီ တို့ထံတွင် အပ်နှံခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက    သွားရောက်ဖော်ထုတ် ဖမ်းဆီးခဲ့ရသည်။

 


ထို့အတူ ဒီဇင်ဘာ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်         ဂုံးညှင်းတန်းအုပ်စု လဲလောင်းကျေးရွာအနီး ခြေတော် ရာ ဘုန်းကြီးကျောင်းအတွင်းမှ ဉူးပညာနန္ဒာ(ခ)ကြည်ညွန့် (၆၆)နှစ်အား ပစ္စတို တစ်လက်၊ ကျည် အိမ် နှစ်ခု၊ ၉ မမကျည် အတောင့် ၂၀၊ အမ်-၁၆  တစ်လက်၊   ၎င်း ကျည်အိမ် လေးခု၊  ၅ ဒသမ ၅၆ ကျည်  ၉၆ တောင့်၊ ရှေ့ထွက်မိုင်း သုံးလုံး၊   ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 


နိုင်ငံတော်အား     အလုံးစုံ ပျက်သုဉ်းရေးအတွက် အကြမ်းဖက် အုပ်စုဖြစ်သည့် NUG နှင့် NUG ၏ စေခိုင်းချက်များအရ မြို့၊ ရွာများ တွင် သက်ဆိုင်ရာ ဘာသာအလိုက် ရဟန်းသံဃာတော်   အယောင် ဆောင်သူများ၊  ဘာသာရေးဆရာ တော်  အယောင်ဆောင်သူများ၊ သံဃာတော်   ကျောင်းတိုက်များ နှင့် ဘာသာရေးကျောင်းများတွင် အကြမ်းဖက်ဖောက်ခွဲရေးပစ္စည်း များ သိုဝှက်သိမ်းဆည်းရန် ခုတုံး လုပ်သူများက ရည်ရွယ်ချက်ရှိစွာ ဖြင့်     သက်ဆိုင်ရာ    ဘာသာ၊ သာသနာအလိုက် ညှိုးနွမ်းပျက်စီး  ပပျောက်ရေးကိုပါ   ဦးတည်လုပ် ဆောင်လာမှုအပေါ်  ကိုးကွယ် ယုံကြည်ရာ ဘာသာဝင်များအနေ ဖြင့် အသိတရား လက်ကိုင်ထား လျက် နိုင်ငံတော်အစိုးရ၏ ဓမ္မစက်၊ အာဏာစက်များဖြင့် ထိရောက်စွာ  ဖော်ထုတ်အရေးယူ ဆောင်ရွက်မှု များ၌        ဘာသာရေးအရေခြုံ အကြမ်းဖက်သမားများနှင့် အကြမ်း ဖက်သတင်းများကို အချိန်မီနီးစပ် ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ကြရေး  သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်း သတင်းရရှိသည်။    

 

သတင်းစဉ်