မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၇ ရက်   နံနက်  ၆  နာရီက  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွာငံ-ဟံမြင့်မိုရ် သွားလမ်း သံရွာစစ်ဆေးရေးဂိတ်တွင်  ရွာငံမှ  ကျောက်ဆည် ဘက်သို့   တင့်လွင်   မောင်းနှင်လာသည့်    Hino ၁၂   ဘီး     မော်တော်ယာဉ်ကို    သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင်   ပြောင်းဖူးအိတ်များဖြင့်    ဖုံးအုပ် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀   သိမ်းဆည်းရမိခဲ့ပြီး    စစ်ဆေးဖော်ထုတ်ချက် အရ  သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ   မန္တလေးတိုင်းဒေသ ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို     ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  သတင်းစဉ်