
နေပြည်တော် ဩဂုတ် ၁၂
အကြမ်းဖက်သူများသည် ပြည်တွင်း၊ ပြည်ပနိုင်ငံများတွင် နေထိုင် ကြသော အစွန်းရောက် အကြမ်းဖက်လိုသူများ၏ မြှောက်ပင့်သွေးထိုး လှုံ့ဆော်မှုများကို နားယောင်ကာ အေးချမ်းစွာနေထိုင်ကြသော ပြည်သူ များကို တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲကာ ရက်စက်ယုတ်မာ စွာဖြင့် ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ချောင်းမြောင်းလုပ်ကြံ ခြင်းများ ပြုလုပ်ခဲ့ရာတွင် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့၌ အစွန်း ရောက် အကြမ်းဖက်သောင်းကျန်း သူများ၏ ဆင်ခြင်တုံတရားကင်းမဲ့၊ ရက်စက်ယုတ်မာစွာ လုပ်ကြံ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ကလေးငယ် တစ်ဦးသေဆုံးကာ၊ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၇ နာရီတွင် မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်နေ ဦးငြိမ်းချမ်း (၂၆)နှစ် (ဘ) ဦးပြည့်စုံ သည် ၎င်း၏နေအိမ်ရှေ့လမ်းဘေး၌ မုန့်ဟင်းခါးရောင်းချရန်အတွက် (၈) လအရွယ် သမီးဖြစ်သူ မငြိမ်းငြိမ်းကို ရင်ခွင်ပိုက်ကာ ဆိုင်ခင်းကျင်း ပြင်ဆင်နေစဉ် အစွန်းရောက် အကြမ်းဖက် သောင်းကျန်းသူ အမျိုးသား လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “မုန့်ဟင်းခါး ရပြီလား” ဟု မေးမြန်းကာ ၎င်းတို့ လေးဦးအနက်မှ အမျိုးသား တစ်ဦးက သေနတ်ဖြင့် လေးချက် ခန့်ပစ်ခတ်၍ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ထိုကဲ့သို့ အစွန်းရောက် အကြမ်းဖက် သောင်းကျန်းသူ များ၏ ရက်စက်ယုတ်မာစွာ လုပ်ကြံပစ်ခတ်ခဲ့မှုကြောင့် ရှစ်လ အရွယ် မငြိမ်းငြိမ်း၏ နဖူး ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဦးငြိမ်းချမ်း၏ ယာဘက် လက်မောင်း ကျည်ဖောက်ထွက် ဒဏ်ရာ တစ်ချက်၊ ဝဲလက်မောင်း ကျည်ရှပ်ထိဒဏ်ရာ တစ်ချက်နှင့် အဆိုပါဆိုင်သို့ မုန့်ဝယ်ရန် ရောက် ရှိနေသော တစ်ရပ်ကွက်တည်းနေ ဒေါ်တင်တင်မာ (ဘ)ဦးထွန်းလှ၏ ယာဘက်ခြေထောက် ခြေမျက်စိ ကျည်ရှပ်ထိဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့သည်။
ထိုသို့ အပြစ်မဲ့ အသက်(၈)လ အရွယ် ကလေးငယ်သေဆုံး အောင်သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားသည့် အစွန်းရောက် အကြမ်းဖက်သမားများကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး စုံစမ်းရှာဖွေလျက်ရှိ ကြောင်းနှင့် မိဘပြည်သူများအနေ ဖြင့်လည်း ထိုကဲ့သို့ ရက်စက် ယုတ်မာစွာ လုပ်ကြံပစ်ခတ်ခဲ့ သည့် အစွန်းရောက် အကြမ်းဖက် သမားများကို မိမိတို့ပတ်ဝန်းကျင် တွင် တွေ့ရှိရပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ သတင်းပေးပို့နိုင် ပါရန် မေတ္တာရပ်ခံထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်