
နေပြည်တော် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်၌ ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၁ ဒသမ ၂ သန်း ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၄ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ကျေးရွာအနီးတွင် နောင်ချိုမှ မန္တလေးသို့ မင်းဇော် မောင်းနှင်ပြီး မင်းကို လိုက်ပါသည့် ၂၂ ဘီးတွဲ ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉၅ သန်း သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၄) မြို့ရှောင်လမ်း၌ မောင်ငယ်(ခ)ကျော်ကြီးကို ၁၈ ဘီးတွဲယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂၅ သန်းနှင့်အတူ ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိ ခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၁ ဒသမ ၂ သန်း သိမ်း ဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်း ရမိ စိတ်ကြွရူးသွပ်ဆေးပြားများ ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းတို့ကို ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်