မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ ၃၁


မန္တလေးတိုင်းဒေသကြီး  ပြည်ကြီး တံခွန်မြို့နယ်တွင်         ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ များ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

 


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်      ဒီဇင်ဘာ ၂၉ ရက် ည ၇ နာရီခွဲတွင် ပြည်ကြီးတံခွန် မြို့နယ်  ၅၆ လမ်း၊  ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားတွင်  ယာဉ်မောင်း စိုင်းထွန်းအောင်   မောင်းနှင်လာ သည့်   နင်ဆန်းဒီဇယ် ၁၂ ဘီး မော်တော်ယာဉ်အား  သတင်းအရ ရှာဖွေရာ  ယာဉ်ပေါ်တွင် လွှစာမှုန့်၊ နွားချေးအိတ်များဖြင့်  ဖုံးအုပ်ထား သည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ  ဘိန်းဖြူ ၄၁ ဒသမ ၈ ကီလို  သိမ်းဆည်းရ မိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော  ဘိန်းဖြူများ ကို   ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းဒေသကြီးသို့  သယ် ဆောင်ခြင်းဖြစ်ကြောင်း   သိရှိရ သဖြင့် ၎င်းအား ဥပဒေအရ အရေး ယူထားရှိပြီး    ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား  ဆက်လက် စစ်ဆေး      ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။    

သတင်းစဉ်