မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၈၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   မေ   ၂၉ 


မန္တလေးတိုင်းဒေသကြီး   ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၈၂၅၀ တန်ဖိုးရှိ  ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ      ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့ဝင် များပါဝင်သော  ပူးပေါင်းအဖွဲ့သည်  မေ ၂၄ ရက် မွန်းလွဲ ၁  နာရီက    မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်  ၁၆ မိုင်  ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ သီဟအောင် မောင်းနှင်လာသည့် ဟီးနိုးခြောက်ဘီးမော်တော်ယာဉ် ကို သတင်းအရရှာဖွေရာ  ယာဉ်ပေါ်မှ  ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၈၂၅၀ တန်ဖိုးရှိ  ဘိန်းဖြူ ၃၃ ကီလိုနှင့် M 22 သေနတ် နှစ်လက်၊  ကျည်အိမ် နှစ်ခု၊ ၎င်းကျည်အတောင့် ၁၀၀ တို့ကို  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ  သိမ်းဆည်းရမိဘိန်းဖြူ များနှင့်   လက်နက်ခဲယမ်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ       မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို  ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။    

                         

သတင်းစဉ်