
နေပြည်တော် မတ် ၁၀
နိုင်ငံရေးအစွန်းရောက် အကြမ်း ဖက်သမားများအနေဖြင့် နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထု အကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတား များနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြု လုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ဆရာ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး များ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အအုံ များကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာ တော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာပြုလုပ် နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူး မြို့နယ် ရွှေကျင်ကျေးရွာရှိ ဓမ္မ ရက္ခိတကျောင်းတိုက် ဆရာ တော် ဘဒ္ဒန္တပဏ္ဍိတ သက်တော် (၆၃)နှစ် ဝါတော် (၄၃) ဝါသည် ကျောင်းဝင်းအတွင်း စင်္ကြံလျှောက် နေစဉ် အကြမ်းဖက်သမား ၁၀ ဦး ခန့်သည် စက်လှေဖြင့်ရောက်ရှိ လာပြီး ပစ္စတိုဖြင့် ပစ်ခတ်သဖြင့် ဆရာတော်မှာ ကျောင်းတိုက် အတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့ သော်လည်း အကြမ်းဖက်သမား များ၏ လိုက်လံပစ်ခတ်မှုကြောင့် ဆရာတော်မှာ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ သည်။
ထို့နောက် အကြမ်းဖက် သမားများသည် ဘုန်းတော်ကြီး ကျောင်းဘေးရှိ အခြေခံပညာ အလယ်တန်းကျောင်း(ရွှေကျင်)သို့ဝင်ရောက်၍ ဆရာမများ နားနေဆောင်အတွင်းရှိ တာဝန်ခံ ကျောင်းအုပ် ဒေါ်မြမြစိုး(ဘ) ဦးစိုးတင့်အား ကျောင်းဆောင် အနောက်ဘက်သို့ ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဘုန်းတော်ကြီး ကျောင်းဝင်းနှင့် စာသင်ကျောင်း အတွင်း ဖြစ်စဉ်ဖြစ်ပွားရာနေရာ များမှ ၉ မမ Luger ကျည်ခွံတစ်ခု နှင့် AK 47 ကျည်ခွံ တစ်ခုတို့ကို တွေ့ရှိခဲ့သည်။
ကွဲအက်ပျက်စီး
အလားတူ မတ် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် ညောင်လေးပင်ကျေးရွာ ၌ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် “အေးကမ္ဘာ သာသနာပြုစခန်း”မှ ဝါစိမ်းနီ ဆရာတော် ဥူးဇေယျသိဒ္ဓိ သက်တော် (၆၂)နှစ် ဝါတော် (၄၂)ဝါသည် ရွှေဘိုမြို့မှ သီတင်းသုံးရာ သာသနာပြုစခန်းသို့ ကျောင်းပိုင် Toyota Land Cruiser မော်တော် ယာဉ်ဖြင့် စစ်ကိုင်း-ရွှေဘို ခရိုင် ချင်းဆက်လမ်းအတိုင်း ပြန်လည် ထွက်ခွာစဉ် စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာနှင့် စဉ့်ကိုင် ကျေးရွာကြားအရောက်၌ အကြမ်း ဖက်သမားများက လမ်း၏ ယာဘက်ခြမ်းမှ လက်လုပ်မိုင်း တစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆရာတော်နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိသော် လည်း ဆရာတော်စီးနင်းလာသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန် နှင့် ဝဲယာအချက်ပြမီးများ ကွဲအက် ပျက်စီးခဲ့သည်။
ထိုကဲ့သို့ သံဃာတော်များနှင့် ဆရာ ဆရာမများအား အကြောင်း မဲ့ သတ်ဖြတ်ခြင်းများနှင့် လမ်းမ ကြီးပေါ်၌ ဖြတ်သန်းသွားလာနေ သည့် မော်တော်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှုများ ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး အရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်