မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာ “ဘဝအလင်းသစ်”စာကြည့်တိုက် ဖွင့်ပွဲတက်ရောက်

စဉ့်ကိုင်  ဇူလိုင်   ၆
မန္တလေးတိုင်းဒေသကြီး  စဉ့်ကိုင် မြို့နယ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေး      ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ဆောက်လုပ် သော  သင်္ဂတုံကျေးရွာ    “ဘဝ အလင်းသစ် ”     စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို       ဇူလိုင် ၆ ရက် မွန်းလွဲ  ၁ နာရီက ကျင်းပ သည်။
အခမ်းအနားတွင်   မန္တလေး တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊    သင်္ဂတုံ ကျေးရွာ  အုပ်ချုပ်ရေးမှူး   ဦးမျိုး သန့်တို့က   “ဘဝအလင်းသစ်” စာကြည့်တိုက်ကို      ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး   တိုင်းဒေသကြီး       ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  စာကြည့်တိုက်   အဆောက်အအုံသစ်ကို    အမွှေး နံ့သာရည်များ       ပက်ဖျန်းပေး ပြီး      စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   လက်ထောက်ညွှန်ကြား ရေးမှူး      ဒေါ်တင်တင်ထွေးနှင့် တော်ဝင်ပိတောက်မြိုင် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင် ဝင်းတို့က       စာကြည့်တိုက် အဆောက်အအုံနှင့်    ပတ်သက်    သည့်       စာရွက်စာတမ်းများ၊ ပရိဘောဂများ၊  သုတ  / ရသ စာအုပ်စာစောင်များကို   လည်း ကောင်း၊ ဦးရွှေခိုင်(ရွှေအကယ်ဒမီ) မိသားစု၊   ဦးအောင်ကျော်မင်း    (အောင်ကောင်းပြည့်စုံ) မွေးမြူရေး မိသားစုတို့က  သုတ/ရသ စာအုပ်  ၂၉၀ တို့ကို     “ဘဝအလင်းသစ်” စာကြည့်တိုက်     ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ   ဦးမျိုးသန့်ထံ သို့      လွှဲပြောင်းပေးအပ်သည်။ ထို့နောက်        တိုင်းဒေသကြီး ဝန်ကြီးချုပ်က     စာကြည့်တိုက် အဆောက်အအုံ       သစ်ဖွင့်ပွဲ အထိမ်းအမှတ်        သစ်ပင်ကို စိုက်ပျိုးပေးခဲ့ကြောင်း         သိရ သည်။
ကျော်စွာ(စဉ့်ကိုင်)