မန်ယူကို အနိုင်ရရှိခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အာဆင်နယ် အားကောင်းလာ

 

ပရီမီယာလိဂ်    ပွဲစဉ်   (၃၄)  မှ အကောင်းဆုံး   ပွဲစဉ်တစ်ပွဲဖြစ် သည့်   အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်ကို ဧပြီ ၂၃ ရက် ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ် အသင်းက    သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသောကြောင့် ချန်ပီယံ လိဂ်ဝင်ခွင့်        မျှော်လင့်ချက် အားကောင်းလာပြီ ဖြစ်သည်။ 


ပွဲမှာ  ပြိုင်ဆိုင်မှုပြင်းထန်ပြီး အပြန်အလှန်သွင်းဂိုးများနှင့်အတူ ပရိသတ်အကြိုက်    ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ 

 


ပွဲအစ သုံးမိနစ်တွင်  တာဗာရက်စ်၏  သွင်းဂိုးဖြင့်  အာဆင်နယ်အသင်း ဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန် ၂၇ မိနစ်တွင် အာဆင်နယ်အသင်းမှ အင်ခီ တီယာ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သော ကြောင့် နစ်နာခဲ့ရသည်။ သို့သော်လည်း ပွဲချိန် ၃၂ မိနစ်တွင် အာဆင်နယ် အသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး ဆာကာက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဒုတိယဂိုးရရှိခဲ့သည်။ 

 


မန်ယူအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၃၄ မိနစ်တွင် ရရှိခဲ့ပြီး မာတစ်၏ ဖန်တီးမှုမှ စီရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။ ထို့အပြင် ပွဲချိန် ၃၄ မိနစ်၌ မန်ယူအသင်း ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဖာနန်ဒက်စ် အဆုံးသတ်ကန်သွင်းရာ လွဲချော်ခဲ့သည့်အတွက် ချေပဂိုး နှင့် ဝေးကွာခဲ့ရသည်။ အာဆင်နယ်အသင်းအတွက် တတိယဂိုးကို ပွဲချိန် မိနစ် ၇၀ တွင် ဇာကာက သွင်းယူပေးခဲ့သည်။ ထို့နောက်တွင် ပွဲချိန်ပြည့် သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် အာဆင်နယ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

 


အာဆင်နယ်အသင်းမှ ဆာကာသည် ယခုပွဲစဉ်တွင် ဂိုးသွင်းယူနိုင် ခဲ့သောကြောင့် ယခုနှစ်ရာသီတွင် ပြိုင်ပွဲစုံ သွင်းဂိုး ၁၂ ဂိုးဖြင့် အာဆင်နယ် အသင်း၏ သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့သည်။ 

 


အခြားပွဲစဉ်ရလဒ်များမှာ မန်စီးတီးက ဝက်ဖို့ဒ်ကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး နော့ဝှစ်ကို နယူးကာဆယ်က သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရသည်။ လက်စတာနှင့် ဗီလာပွဲမှာ ဂိုးမရှိသရေဖြစ်ခဲ့သည်။          

အောင်ဇော်