မရှိမဖြစ်အောက်ဆီဂျင်

Type

 

ခိုင်ဆုနွယ် (ရှမ်းပြည်)

အောက်ဆီဂျင်ဟာ      လေထုထဲမှာ အဓိကပါဝင်ပြီး     သက်ရှိသတ္တဝါတွေ အတွက် အရေးပါတဲ့ ဓာတ်ငွေ့တစ်မျိုး ဖြစ်ပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ၁၇၇၄   ခုနှစ်မှာ    ဂျိုးဇက်ပရီးစတီး အမည်ရှိ အင်္ဂလိပ်ဓာတုဗေဒပညာရှင်က ဒြပ်စင်တစ်ခုအဖြစ်တွေ့ရှိခဲ့ပြီး  ၁၇၇၇ ခုနှစ်မှာ        ပြင်သစ်ဓာတုပညာရှင် အန်တွိုင်းလဗွိုင်ယာစီက   ဆက်လက် စမ်းသပ်ကာ အောက်ဆီဂျင်လို့   အမည် ပေးခဲ့ပါတယ်။      ဓာတုသင်္ကေတနဲ့ အဆင်းကင်းမဲ့တဲ့      အောက်ဆီဂျင် ဟာ စကြဝဠာကြီးအတွင်း ဟိုက်ဒရိုဂျင် နဲ့ နိုက်ထရိုဂျင်ပြီးနောက်      အများဆုံး တွေ့ရှိရတဲ့   ဒြပ်စင်ဖြစ်တယ်။ ကမ္ဘာ့ လေထုရဲ့  ၂၁ ရာခိုင်နှုန်းမှာ အောက်ဆီဂျင် ဖြစ်ပါတယ်။  အောက်ဆီဂျင်ကို ဓာတ်ငွေ့ သန့်သန့်အနေနဲ့သော် လည်းကောင်း၊    အခြားဒြပ်စင်တွေနဲ့   ပေါင်းစပ်၍သော်       လည်းကောင်း     ကျွန်မတို့ပတ်ဝန်းကျင် မှာ   အများအပြား တွေ့ရတယ်။
ရေသန့်စင်စက်တွေမှာ အသုံးပြု
အောက်ဆီဂျင်ဟာ      လူသားတွေ အသက်ရှင်သန်ရေးသာမက   အခြား သတ္တဝါတွေနဲ့   အပင်တွေရှင်သန်ရေး အတွက်ပါ     မရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်မတို့ဟာ လေထုထဲက  အောက်ဆီ ဂျင်ကို အဆုတ်ဆီသို့ရှူသွင်းပြီး သွေးမှာ ပါဝင်တဲ့      ဟေမိုဂလိုဗင်ကတစ်ဆင့် ခန္ဓာကိုယ်အနှံ့ရောက်ရှိအောင်   သယ် ဆောင်ပေးပါတယ်။        ဒါကြောင့်  အဆုတ်ရောင်ရောဂါ     ခံစားနေရသူ တွေ  အသက်ရှူလွယ်ကူစေဖို့အတွက် အောက်ဆီဂျင်ပေးဖို့  လိုအပ်ပါတယ်။ ရေငုပ်သမားတွေ၊  တောင်တက်သမား တွေ၊     လေယာဉ်မောင်းသူတွေဟာ   အသက်ရှူလွယ်ကူစေဖို့ အောက်ဆီဂျင် ယူဆောင်ထားရပါတယ်။    အောက်ဆီ ဂျင်ဟာ   မီးလောင်မှုကိုအားပေးတဲ့ ဓာတ်ငွေ့ဖြစ်ပြီး   သတ္တုဆက်အလုပ်ရုံ တွေမှာ    သတ္တုဆက်လုပ်ငန်းအတွက် လိုအပ်တဲ့အပူချိန်ရရှိဖို့    အဆက်ဆီ တလင်းဓာတ်ငွေ့နဲ့       ပေါင်းကာ အောက်ဆီအက်ဆီတလင်းအဖြစ်လည်း အပူပေးရာမှာ    အသုံးပြုကြပါတယ်။ အောက်ဆီဂျင်အက်တမ်သုံးခု ပါဝင်တဲ့ မော်လီကျူးကို O3 (အိုဇုန်း) လို့ ခေါ်ကာ ရောဂါပိုးမွှားတွေကို    သေစေနိုင်တာ ကြောင့်   ရေသန့်စင်စက်တွေမှာ အသုံး ပြုကြပါတယ်။
အောက်ဆီဂျင်ရဲ့ အသုံးဝင်မှုများပြား တာကြောင့် လူသားတွေဟာ အောက်ဆီ ဂျင်ကို ကျယ်ကျယ်ပြန့်ပြန့်   ထုတ်လုပ်နိုင် ဖို့အတွက် နည်းပညာအသစ်တွေ တီထွင် ဖန်တီးလာကြပါတယ်။    ဇီရိုလိုက်လို့ ခေါ်တဲ့    မော်လီကျူလာစေ့လေးတွေကို သုံးပြီး လေထဲက   မလိုချင်တဲ့ဓာတ်ငွေ့ တွေကိုဖယ်ရှားကာ      အောက်ဆီဂျင် ဓာတ်ငွေ့ပဲကျန်ရှိအောင်   ထုတ်လုပ်တဲ့ နည်းစဉ် (Pressure Swing Adsorption) နဲ့ လေထုထဲက ဓာတ်ငွေ့တွေကို အရည် အဖြစ် အအေးခံပြီး   သူတို့ရဲ့  ရေဆူ အမှတ်တွေပေါ်မူတည်ကာ         လေထုထဲ က အောက်ဆီဂျင်၊      နိုက်ထရိုဂျင်တွေကို ခွဲထုတ်တဲ့နည်းစဉ် (Cryogenic)တွေကို အသုံးပြုပြီး စီးပွားရေးအရ  တွက်ခြေ ကိုက်တဲ့  စက်ရုံကြီးတွေအဖြစ် တည် ဆောက်လာကြပါတယ်။
သံရည်ကျိုဖို့ အောက်ဆီဂျင်အသုံးပြု
ပင်းပက်သံမဏိစက်ရုံရဲ့   သံစိမ်း ထုတ်လုပ်တဲ့နည်းစဉ်ဟာ Romelt နည်း ပညာလို့ဆိုတဲ့ ရုရှားနိုင်ငံရဲ့ နည်းပညာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သံသတ္တုရိုင်း ကနေ      သံစိမ်းထုတ်လုပ်တဲ့နေရာမှာ လေပြင်းမှုတ်သံရည်ကျိုမီးဖို   (Blast Furnace)နည်းစဉ်၊ တိုက်ရိုက်ဓာတ်လျော့ (Direct Reduction DRI) နည်းစဉ်တွေ  အများဆုံးအသုံးပြုကြပါတယ်။ Romelt နည်းစဉ်ကတော့  သံသတ္တုရိုင်းအရည် အသွေးအနေနဲ့   အသင့်အတင့်သာရှိတဲ့  လီမွန်နိုက်၊  ဟေမတိုက် စတဲ့သံသတ္တု ရိုင်းတွေကို စီးပွားရေးတွက်ခြေကိုက် အောင် ထုတ်လုပ်ပေးနိုင်တဲ့နည်းစဉ်ဖြစ် ပါတယ်။ ဒီနည်းစဉ်မှာ  အဓိက ကတော့ သံသတ္တုရိုင်းတွေ၊ ကျောက်မီးသွေး၊ ထုံး၊  ဒိုလိုမိုက်၊   သဲ အစရှိတဲ့ သံစိမ်းကျိုချက် ရာမှာ       လိုအပ်တဲ့  ကုန်ကြမ်းတွေကို Romelt   ဆိုတဲ့ သံရည်ကျိုမီးဖိုထဲထည့်ပြီး  အောက်ဆီဂျင်နဲ့ လေအားသုံး  ကျိုချက် တာပဲဖြစ်ပါတယ်။ Romelt   သံရည်ကျို မီးဖိုမှာ လေပြင်းမှုတ်တဲ့ လေမှုတ်ပေါက်  (Tuyere) တွေ      အဆင့်နှစ်ဆင့်ပါဝင် ပါတယ်။ အောက်ခြေဆင့်    လေမှုတ် ပေါက်များမှ     အောက်ဆီဂျင်ပါတဲ့   လေပြင်းမှုတ်ထည့်ခြင်းကို  ကုန်ကြမ်း မှာ   ပါဝင်တဲ့       သံသတ္တုရိုင်းနဲ့ ကျောက်မီးသွေးမှာပါတဲ့   ကာဗွန်တို့ ဓာတ်ပြုခြင်းဖြင့်     ကာဗွန်မိုနော့ဆိုက် ဓာတ်ငွေ့ထွက်ရှိလာပါတယ်။  ထွက်ရှိ လာတဲ့  ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ကို အပေါ်ဆင့်          လေမှုတ်ပေါက်တွေမှ အောက်ဆီဂျင်မှုတ်ထည့်ခြင်းဖြင့် အပူ ထွက်ဓာတ်ပြုခြင်း     ဖြစ်ပေါ်စေကာ မီးဖိုအတွက်  လိုအပ်တဲ့   အပူရရှိကာ ကုန်ကြမ်းတွေ အရည်ပျော်စေပြီး သံစိမ်း ရရှိအောင်  ဆောင်ရွက်ပေးခြင်းဖြစ်ပါ တယ်။ Romelt မီးဖိုမှာ သံရည်ကျိုဖို့ ရိုးရိုးလေထက် အောက်ဆီဂျင်အသုံးပြု မှသာ ပြင်းထန်တဲ့အပူကို     ရရှိမှာ ဖြစ်ပြီး လိုအပ်တဲ့ အောက်ဆီဂျင်လေထု ထဲက  အောက်ဆီဂျင်ကို    ခွဲထုတ်ယူဖို့ လိုအပ်လာပါတယ်။
ကျန်းမာရေးနယ်ပယ်မှာသုံးစွဲ
မီးဖိုမှာ     ကျိုချက်ဖို့လိုအပ်တဲ့ အောက်ဆီဂျင်ရဖို့အတွက်   မီးဖိုရဲ့အနီး မှာ     အောက်ဆီဂျင်စက်ရုံတစ်ခု တည် ဆောက်ထားပါတယ်။ ကျွန်မတို့ပတ်ဝန်း ကျင်မှာရှိတဲ့ လေထုထဲမှာ အောက်ဆီ ဂျင် (၂၁ရာခိုင်နှုန်း)နဲ့ နိုက်ထရိုဂျင် (၇၈ ရာခိုင်နှုန်း) အဓိက  ပါဝင်တာဖြစ်တဲ့ အတွက် ပတ်ဝန်းကျင်လေထုကို ကုန်ကြမ်း အဖြစ် အသုံးပြုထားပါတယ်။ အောက်ဆီ ဂျင်စက်ရုံဟာ ဂျာမနီနိုင်ငံ     Linde ကုမ္ပဏီရဲ့ Cryogenic နည်းစဉ်ကို အသုံး ပြုထားပါတယ်။ လေထုထဲကလေကိုပဲ လေစစ်မှတစ်ဆင့် ဖိသိပ်လေစက် (Four Stage Dynamic Compressor) နှစ်လုံးနဲ့ စုပ်ယူဖိသိပ်ကာ ပြန်လည်အအေးခံခြင်း ဖြင့် အောက်ဆီဂျင်နဲ့      နိုက်ထရိုဂျင်ကို   ထုတ်လုပ်တဲ့နည်းစဉ်ဖြစ်ပါတယ်။   ဒီ ဖိသိပ်လေစက်တွေကို     မောင်းနှင်ဖို့ အသုံးပြုတဲ့ မော်တာနှစ်လုံးဟာ  ၈ ဒသမ  ၉ မီဂါဝပ်၊ မြင်းကောင်ရေအားအနေနဲ့ ၁၁၉၃၀ အား ရှိပါတယ်။ ဖိသိပ်လေစက် ထဲကနေထွက်ရှိလာတဲ့လေကို   အဆင့် ဆင့် အအေးခံကာ     အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်တို့ရဲ့ အရည်ပျော်မှတ်ပေါ် မူတည်ကာ       ခွဲထုတ်တဲ့နည်းစဉ်နဲ့ အောက်ဆီဂျင်ဓာတ်ငွေ့နဲ့    နိုက်ထရို ဂျင်ဓာတ်ငွေ့တို့ကို   ထုတ်လုပ်ပေးပါ တယ်။   အောက်ဆီဂျင်စက်ရုံဟာဆိုရင် တစ်နာရီကို   အောက်ဆီဂျင်ဓာတ်ငွေ့ အား ၃၈၅၀၀  ကုဗမီတာနဲ့ နိုက်ထရိုဂျင် ၁၂၀၀ ကုဗမီတာ  ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။   စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွေပြီးစီးရင်  Romelt သံရည် ကျို  မီးဖိုကျိုချက်နိုင်ဖို့ အောက်ဆီဂျင် ဓာတ်ငွေ့အား ပိုက်လိုင်းနဲ့ ပေးပို့နိုင်ဖို့ သွယ်တန်းထားရှိပြီး ဖြစ်ပါတယ်။ ယခု ကာလလို     ကျန်းမာရေးနယ်ပယ် အတွက်     အောက်ဆီဂျင်အရေးပေါ် လိုအပ်လာရင်    အသုံးပြုနိုင်ဖို့    ပိုလျှံ တဲ့  အောက်ဆီဂျင်  ၄၀၀၀  ကုဗမီတာ ခန့်ကို     အောက်ဆီဂျင်သိုလှောင်ကန်၊ ဖိအားမြင့်ပန့်များအသုံးပြုကာ   ဆေးရုံ တွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင် အိုးတွေကို ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါ တယ်။ အောက်ဆီဂျင်သန့်စင်မှုနှုန်း (၉၅ ရာခိုင်နှုန်း)   နဲ့ နိုက်ထရိုဂျင်သန့်စင်မှုနှုန်း (၉၈ ရာခိုင်နှုန်း) ရှိတဲ့အတွက်       ထွက်ရှိ လာတဲ့ အောက်ဆီဂျင်နဲ့  နိုက်ထရိုဂျင် ဓာတ်ငွေ့တို့ကို     စက်မှုလုပ်ငန်းနဲ့ ကျန်းမာရေး လုပ်ငန်းနယ်ပယ်တွေမှာ လည်း  သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ   အောက်ဆီဂျင်စက်ရုံဟာ တည်ဆောက်ရေးလုပ်ငန်းပိုင်းအနေနဲ့ (၉၈ ရာခိုင်နှုန်း)      ပြီးစီးနေပြီဖြစ်ပါတယ်။ အောက်ဆီဂျင်ထုတ်လုပ်မှုနည်းစဉ်မှာ အသုံးပြုတဲ့ အအေးခံရေရရှိရေးအတွက် လည်း ၂၀၀ ကီလိုဝပ်မော်တာ မြင်းကောင် ရေအားဖြင့် ၂၆၈ အား အသုံးပြုထားတဲ့ ပန့်လေးလုံး     တပ်ဆင်ထားရှိတဲ့ ပန့်အိမ်၊ အအေးခံမယ့်ရေစင်၊ ရေသန့်စင် ပေးမယ့်        ရေသန့်စက်တွေကိုလည်း တပ်ဆင်ထားရှိပြီး ဖြစ်ပါတယ်။
အောက်ဆီဂျင်နဲ့     နိုက်ထရိုဂျင် ထုတ်လုပ်ရာမှာ    အပူချိန်အနိမ့်အမြင့် ဖိအားအနည်းအများပေါ်      မူတည်ကာ ခွဲထုတ်ရတဲ့          နည်းစဉ်ဖြစ်လို့ ပိုက်လိုင်းတပ်ဆင်ခြင်း   လုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်သော်လည်း  ဖိအားမြင့် ပိုက်လိုင်းတွေကို  စနစ်တကျပြန်လည် စစ်ဆေးဖို့ ကျန်ရှိနေပါတယ်။   အပူ အအေးဒဏ်ခံ   လျှပ်ကာလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လျှပ်စစ်နဲ့အလိုအလျောက် ဖွင့်/ပိတ်ခြင်းဆိုင်ရာ   (Automation) လုပ်ငန်းတွေအပြီးသတ်ဖို့    ရေအားနဲ့ စမ်းသပ်ခြင်း (Hydrulic Test)၊ ဖိအား ဖြင့်စမ်းသပ်ခြင်း  (Pressure   Test) စတဲ့       စမ်းသပ်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့၊   အပူခံဖို့နဲ့    သံချေး မတက်ဖို့     ဆေးသုတ်ခြင်းလုပ်ငန်း၊   အဓိကစက်ပစ္စည်းတွေကို  သက်ဆိုင်ရာ   ထုတ်လုပ်တဲ့ကုမ္ပဏီက စစ်ဆေးသူကို ခေါ်ယူစစ်ဆေးရမယ့်    လုပ်ငန်းတွေ၊ ဖိသိပ်လေစက်နဲ့ မော်တာတွေအတွက်  ဝင်ရိုးချိတ်ဆက်ချိန်ညှိခြင်း    (Shaft Alignment) ပြုလုပ်ဖို့၊      အပိုင်းလိုက် ကြိုတင်   စမ်းသပ်လည်ပတ်ခြင်း (Pre Commissioning) နဲ့ စမ်းသပ်လည်ပတ် ခြင်း (Commissioning) လုပ်ငန်းတွေ    ဆောင်ရွက်ဖို့     ကျန်ရှိနေပါတယ်။ ကျန်ရှိနေတဲ့လုပ်ငန်းတွေ လုပ်ဆောင် ပြီး   စမ်းသပ်လည်ပတ်ထုတ်လုပ်နိုင်ရင် နောက်ဆုံး လက်ခံသဘောတူလက်မှတ်  (Final Accepted Certificate)   ရရှိမှာ ဖြစ်ပြီး  စက်ရုံလည်ပတ်နိုင်မှာ ဖြစ်ပါ တယ်။
ထောက်ပံ့ကူညီပေး
စက်ရုံပြန်လည်       လည်ပတ်မယ် ဆိုရင်    အောက်ဆီဂျင်စက်ရုံလုပ်ငန်း တွေလည်း  အပြီးသတ်ဆောင်ရွက်နိုင် မှာဖြစ်တဲ့အတွက် ပိုလျှံတဲ့ အောက်ဆီ ဂျင်နဲ့   နိုက်ထရိုဂျင်ဓာတ်ငွေ့တွေကို စက်မှုလုပ်ငန်းနယ်ပယ်အလိုက် လိုအပ် တဲ့  အောက်ဆီဂျင်နဲ့    နိုက်ထရိုဂျင် ဓာတ်ငွေ့တွေကိုသာမက   ကျန်းမာရေး နယ်ပယ်အတွက်  အချိန်နဲ့အမျှ လိုအပ် နေတဲ့     အောက်ဆီဂျင်ဓာတ်ငွေ့ကို လည်း   ဆက်လက်ထုတ်လုပ်ပေးသွား နိုင်ဖို့   ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သက်ရှိ သတ္တဝါတွေနဲ့ နယ်ပယ်အားလုံး အတွက် လိုအပ်နေတဲ့  အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်ရေး ပင်းပက်သံမဏိ စက်ရုံအနေနဲ့ နိုင်ငံအတွက်  တစ်ထောင့် တစ်နေရာက   ထောက်ပံ့ကူညီပေးနိုင် မယ်လို့ယုံကြည်ရင်း ကျန်ရှိတဲ့ လုပ်ငန်း တွေ အမြန်ဆုံး    ပြန်လည်ဆောင်ရွက် နိုင်ပါစေဖို့       ဆန္ဒပြုဖော်ပြလိုက်ပါ တယ်။        ။