
နေပြည်တော် ဩဂုတ် ၂၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီခွဲ တွင် မရမ်းကုန်းမြို့နယ် အမှတ် (၂)ရပ်ကွက် သမိုင်းဘူတာရုံလမ်း တွင် တွေ့ရှိသူ ရဲလင်း(ခ)ရဲလေး အား စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်း ကောင်း။
အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ် ဂ-ရပ်ကွက် ဥက္ကာ(၇)လမ်းတွင် ဉာဏ်လင်းဦး (ခ) သားသား မောင်းနှင်ပြီး ကြည်ဇင် သာ (ခ) မောင်ကြည် လိုက်ပါ လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲ တွင် အဆိုပါလမ်းရှိ တည်းခိုခန်း အခန်းအမှတ်(၂၀၆)သို့ ဝင်ရောက် ရှာဖွေရာ မနှင်းရတီချစ် (ခ)နှင်းရတီနှင့် မနန်းယွန်းသီရိ တို့ကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ် ဆေးပြား ၁၈၃၅ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၀၀၀၁ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဩဂုတ် ၂၄ ရက် ညနေ ၃ နာရီတွင် ရွှေညောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မိုင်းသော်(အရှေ့)ကျေးရွာအုပ်စု တောင်နီကျေးရွာနေ ထက်ကို(ခ)လပွတ္တာ၏ နေအိမ်သို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား