
နေပြည်တော် ဇွန် ၁၂
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပ ပြုလုပ်သည့် Snack & Bakery နည်းပညာသင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာ ထမ်း၊ အမှုထမ်းများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်း သားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများ ကျယ်ပြန့်လာစေရေး အတွက် ရုံးချုပ်အပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် လည်း ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်းပညာသင်တန်း များကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ပြီး လက်ဆင့်ကမ်း မျှဝေ ဖွင့်လှစ်ပို့ချသွားကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေ ဖြင့် သင်တန်းမှ သင်ကြားပို့ချပေး လိုက်သည့် မုန့်ဖုတ်လုပ်သည့် နည်းပညာများကို မူပိုင်ခွင့်ဥပဒေ နှင့်အညီ အခြေခံ၍ မိမိဘာသာ ဆန်းသစ်တီထွင်ကာ ကိုယ်ပိုင် အသေးစား၊ အငယ်စား၊ အလတ် စား လုပ်ငန်းများကို ထူထောင်နိုင် ပြီး မိသားစုဝင်ငွေတိုးပွားရုံသာ မက နိုင်ငံ့ဝင်ငွေတိုးပွားစေရန် ကျရာကဏ္ဍမှ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင် မည်ဟု မျှော်လင့်ပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းမှ သင်ကြားပေးသည့် ပညာရပ်များကို ကောင်းစွာ အသုံးချပြီး အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးလာနိုင်သည် နှင့်အမျှ ဝင်ငွေလည်းတိုးပွား လာမည်ဖြစ်သည့်အတွက် MSME အခန်းကဏ္ဍကို တစ်ဖက်တစ်လမ်း မှ မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက သင်တန်းသား သင်တန်း သူများထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး ဒုတိယဝန်ကြီးက သင်တန်း နည်းပြဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ရာ သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများ ပြုလုပ်ထားသည့် Butter Cake ၊ Banana Cake ၊ Chocolate Cake၊ Chiffon Cake ၊ Cup Cake ၊ Cookies ၊ ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုး ပူတင်း၊ ဆနွင်းမကင်း အစရှိသော မုန့်အမျိုးမျိုးကို လိုက်လံကြည့်ရှုခဲ့ ကြကြောင်း သိရှိရသည်။
သတင်းစဉ်