
မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ
ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲ အွန်လိုင်းစနစ်ဖြင့် ကျင်းပ
==========================================================
နေပြည်တော် စက်တင်ဘာ ၁၃
မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ
ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
ပြောကြား
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက မသန်စွမ်းသူများ အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ငွေကြေးထောက်ပံ့ ခြင်းအတွက် ဆက်သွယ်ဆောင်ရွက် ရန် တယ်လီဖုန်းလိုင်းများ ထားရှိသင့် ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့်လည်း ကနဦးထောက်ပံ့ကြေး မရရှိသူစာရင်းတို့ကို ပြန်လည် ထူထောင်ရေးဦးစီးဌာနသို့ ပေးပို့ ညှိနှိုင်းထားပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ အတွက် ထောက်ပံ့ရာတွင် မြန်မာ နိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ပူးပေါင်းပါဝင်ပေးမှုဖြင့် ပိုမိုအားကောင်း နိုင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်လည်ထူထောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ အတွက် မျက်မမြင်လက်စမ်းစာ၊ Sign Language၊ Easy Read စသည်ဖြင့် မသန်စွမ်းမှုအလိုက် ကိုဗစ်-၁၉ အသိ ပညာပေးအစီအစဉ်တို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ မသန်စွမ်းအမျိုးသမီးများအတွက်လည်း ထောက်ပံ့ခဲ့ ပါကြောင်း၊ ပုဂ္ဂလိကကျောင်း ၁၃ ကျောင်းရှိ အမြင်အာရုံမသန်စွမ်းသူ ၆၅၈ ဦးအတွက်လည်း ထောက်ပံ့ပေး ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်း ကော်မတီနှင့်ချိတ်ဆက်၍ နေအိမ်များ ရှိ ဆင်းရဲနွမ်းပါးသော မသန်စွမ်းသူ များ၊ Home Quarantine ဝင်နေရ သည့် မသန်စွမ်းသူများ၊ Facility Quarantine ဝင်ရောက်ရသည့် မသန် စွမ်းသူများ၊ ကိုဗစ်-၁၉ ခံစားရ သည့် မသန်စွမ်းသူများအတွက်လည်း
ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက် နေပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ လည်း မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မသန်စွမ်း သူဦးရေနှစ်သိန်းအတွက် ထောက်ပံ့ ပေးနေပါကြောင်း၊ ထို့ကြောင့် ယနေ့ ဆွေးနွေးပွဲသည် ငွေကြေးထောက်ပံ့ ရာတွင် စာရင်းကောက်ယူထားသည့် မသန်စွမ်းသူတစ်ဦးချင်းစီအတွက် သေချာပေးအပ်နိုင်ရေးနှင့် အခြား မလိုလားအပ်သည့်ပြဿနာများ မဖြစ် ပွားစေရေးတို့အတွက် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ်များရှိ လူမှု ဝန်ထမ်းရုံးများနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်မှ ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ ပြည်နယ် မသန်စွမ်းအသင်းများ အကြား ပူးပေါင်း၍ ထိထိရောက်ရောက် ထောက်ပံ့သွားနိုင်ရန် ဆွေးနွေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မသန်စွမ်းသူများအား ငွေကြေး ထောက်ပံ့ခြင်းအတွက် လက်ရှိ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် အခက်အခဲကြုံတွေ့ရသည့် အခြေ အနေများ၊ ရှေ့ဆက်ပူးပေါင်းဆောင် ရွက်မည့် အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်