မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image not available
နေပြည်တော်   မတ်  ၅
 
မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ် လည်အစီရင်ခံစာ   ရေးသားရေးအဖွဲ့ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန       အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်  မသန်စွမ်းသူ များ၏    အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာရေးသားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက  ယခု အစည်းအဝေးသည် မသန်စွမ်းသူများ ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့၏ (၆)ကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ မတ်လ ကုန်တွင်     အစီရင်ခံစာ    ပြည့်စုံ ကောင်းမွန်စွာ ပုံနှိပ်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြစေလိုပါကြောင်း၊   သို့ဖြစ်၍ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးအကြံပြုပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
 
ထို့နောက် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က နှစ်ပတ်လည် အစီရင်ခံစာ    ရေးသားရေးအဖွဲ့၏ ပဉ္စမအကြိမ်  အစည်းအဝေးဆုံးဖြတ် ချက်များအပေါ်  ဆောင်ရွက်ထားရှိမှု ကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက်      အစည်းအဝေး တက်ရောက်လာကြသူများက နှစ်ပတ် လည် အစီရင်ခံစာ ရေးသားထုတ်ဝေ နိုင်ရေး၊      အချက်အလက်ပြည့်စုံ ကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီး ရေးအတွက်    သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။
 
ထို့နောက်  အဖွဲ့ဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက အစီရင် ခံစာသည်   မိမိတို့အတွက် ပထမဆုံး အစီရင်ခံစာဖြစ်ပြီး  မိမိတို့၏ သမိုင်း လည်းဖြစ်ပါကြောင်း၊ ယခု အစီရင်ခံစာ အား  နောင်နှစ်များတွင်  ကိုးကားနိုင် ရန်အတွက်  အတတ်နိုင်ဆုံး  ပြည့်စုံ ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။
 
အစည်းအဝေးသို့    သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့်  တာဝန်ရှိသူများ  တက်ရောက်ကြ သည်။ 
 
သတင်းစဉ်