မတ္တရာမြို့နယ် ပြည်သာအေးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဇွန်  ၂၀
မန္တလေးတိုင်းဒေသကြီး   မတ္တရာ မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်   လုံခြုံ ရေးတပ်ဖွဲ့ဝင်များက  ဇွန် ၁၈ ရက် တွင်     ပြည်သာအေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု   သတင်း တု၊ သတင်းအမှားများကို  တရား မဝင်      ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေနေသည် ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်မှာ       အကြမ်း ဖက်မှုကို  မလိုလားသည့် တာဝန် သိ    ပြည်သူတစ်ဦး၏   သတင်း ပေးပို့မှုအရ         မတ္တရာမြို့နယ် ပြည်သာအေးကျေးရွာ အနီးတွင် အကြမ်းဖက်သမားများ ခိုအောင်း ရောက်ရှိနေကြောင်း  သတင်းအရ လုံခြုံရေး   ပူးပေါင်းတပ်ဖွဲ့ဝင်များ က လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာ    ပြည်သာအေး ကျေးရွာအနီးသို့    ရောက်ရှိစဉ် အကြမ်းဖက်သမားများက  စတင် တိုက်ခိုက်ခဲ့သဖြင့်      လုံခြုံရေး တပ်ဖွဲ့ဝင်များက     ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမား များ      ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကျေးရွာအတွင်းမှ      ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆက် လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း    အကြမ်းဖက် သမားများ     အကာအကွယ်ယူ ပစ်ခတ်ခဲ့သည့်  လူနေအိမ်အချို့ ကို  ရှာဖွေစစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ  လက်လုပ်စိန်ပြောင်း   နှစ် လက်၊ လက်လုပ်မိုင်း ခြောက်လုံး၊ လက်လုပ်ဗုံးသီးငါးလုံးနှင့် ဖောက် ခွဲရေး     ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း     လုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏    ပြော ကြားချက်အရ သိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များသည်     နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်   လုံခြုံ ရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူ လူထုမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍    လုံခြုံရေးတပ်ဖွဲ့ဝင် များရောက်ရှိသည့်နေရာနှင့် အနီး ဝန်းကျင်နေရာများတွင်  လုပ်ကြံ သတင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသား  ဝါဒဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း  သတင်းရရှိ သည်။                     သတင်းစဉ်