မတ္တရာမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ နေအိမ်များနှင့် ဆိုင်ကယ်အစီး ၃၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဇွန်  ၁၄
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်အတွင်း  နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်  လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဇွန် ၁၂ ရက် တွင် ရှင်လှ(တောင်)ကျေးရွာနှင့် ရှင်လှ(အလယ်)  ကျေးရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၂ လုံးနှင့် ဆိုင်ကယ် အစီး ၃၀ ကျော် တို့ကို   မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က    မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိသည်ကို   တွေ့ရှိရ သည်။
ဖြစ်စဉ်အမှန်မှာ       ရှင်လှ (တောင်)ကျေးရွာနှင့်       ရှင်လှ (အလယ်)      ကျေးရွာတို့တွင် အကြမ်းဖက်သမားများကပြည်သူ များကို   ခြိမ်းခြောက်၍  နေအိမ် အချို့နှင့်      ကျေးရွာအတွင်းရှိ အများပြည်သူ အသုံးပြုလျက်ရှိ သည့် လမ်းများတွင် မိုင်းထောင် ထားရှိကြောင်း တာဝန်သိပြည်သူ တစ်ဦး၏   သတင်းပေးပို့မှုအရ လုံခြုံရေး         တပ်ဖွဲ့ဝင်များက ပြည်သူများ  အန္တရာယ်မဖြစ်ပွား စေရေးအတွက်      သွားရောက် ရှင်းလင်း ဆောင်ရွက်နေစဉ်တွင် အကြမ်းဖက်သမားများက  Drop ဗုံးများဖြင့် လာရောက်တိုက်ခိုက် ခဲ့သည့်အတွက်        နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရခြင်း    ဖြစ် ကြောင်း   လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏   ပြောကြားချက်အရ သိရသည်။
ယင်းဖြစ်စဉ်ကို  တရားမဝင် ပြည်ဖျက်မီဒီယာများက နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး  တပ်ဖွဲ့ဝင်များအပေါ်  ပြည်သူများ အထင်အမြင် လွဲမှား စေရန်နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ၏  အကြမ်းဖက် လုပ်ရပ်များကို       ဖုံးကွယ်ရန် အတွက်    မဟုတ်မမှန်    လုပ်ကြံ ရေးသားထားခြင်းသာ    ဖြစ်ပြီး ပြည်သူများအနေဖြင့်   အကြမ်း ဖက်လုပ်ရပ်များ    လျော့နည်း ပပျောက်ပြီး တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရန်အတွက် မိမိတို့ နေထိုင်ရာ      ပတ်ဝန်းကျင်များ တွင်  အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက   နီးစပ်ရာ လုံခြုံရေး      တပ်စခန်းများသို့ လျှို့ဝှက်စွာ  သတင်းပေးတိုင်ကြား နိုင်ပါကြောင်း   အသိပေးနှိုးဆော် ထားသည်။                 သတင်းစဉ်