Type

မင်းပြည့်စုံ
သူ့ခံယူချက်နဲ့သူ အမျိုးသမီးတစ်ယောက် ရုံးလာတက်တာကို အများသူငှာ မြင်ကွင်းရှေ့မှာ အရှက်တကွဲ အကျိုးနည်းအောင်ပြုမူခြင်းက ဒီမိုကရေစီနည်းလမ်းကျပါရဲ့လား။ လူမှုရေးရှုထောင့်အရရော မှန်ကန်မျှတပါရဲ့လား။ ကျွန်တော်ကတော့ ဒီရက်ပိုင်းမှာ အတော်လေး Brain Storming ဦးနှောက်မုန်တိုင်းဆင်မိတယ်။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး လိုလားတဲ့ ဒီမိုကရေစီဆိုတာကို အပြန်ပြန်အလှန်လှန် ဆန်းစစ်နေမိပါတယ်။
ဒီရက်ပိုင်းမှာ လက်ရှိအခြေအနေအပေါ် လက်သင့်မခံ၊ ကောင်းကျိုးဆောင်ရွက်နေတာတွေကို လျစ်လျူရှုပြီး ကန့်ကွက် ဆန့်ကျင်ပါတယ်ဆိုတဲ့ ဆန္ဒတွေကို ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်နေကြ ပါတယ်။ အဲဒီအထဲမှာ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံ တွေနဲ့အတူ ဝန်ထမ်းအချို့ အလုပ်မဆင်းကြတာရှိပါတယ်။ အချို့ ဝန်ထမ်းတွေက နိုင်ငံ့ဝန်ထမ်းလစာ၊ ခံစားခွင့်တွေထက် ပိုမိုမြင့်မားတဲ့ အလုပ်အကိုင်တွေ ရနိုင်ကြတယ်၊ အချို့က မိဘလက်ငုတ်လက်ရင်း အလုပ်အကိုင်ရှိတယ်၊ မူလကတည်းက ငွေကြေးအတွက်၊ မိသားစု အတွက် ကြောင့်ကြကင်းကြသူတွေမို့ အလုပ်မဆင်းဘဲနေနိုင်ကြ တာ ဖြစ်ကောင်းဖြစ်မယ်ဆိုပြီး တွေးမိခဲ့ပါတယ်။
သို့သော် မိသားစုဝင်ငွေကို အလုပ်က ရလာတဲ့ လစာတွေနဲ့ တစ်လပြီးတစ်လ ဖြေရှင်းရုန်းကန်နေကြရသူတွေ၊ ဝန်ထမ်းတွေကို မှီခိုနေကြရတဲ့ သက်ကြီးမိဘဆွေမျိုးနဲ့ လူမမည်ကလေးတွေရှိတဲ့ မိသားစုဝင်တွေအတွက် ဒါမှမဟုတ် နိုင်ငံရေးခံယူချက် မတူညီတဲ့ အတွက် ဒါမှမဟုတ် ဝန်ထမ်းကျင့်ဝတ်နဲ့အညီ ကိုယ့်အလုပ်ကိုယ်လုပ် တာလို့ ခံယူတဲ့အတွက် ရုံးတက်နေကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေက အများကြီးရှိပါတယ်။ အဲဒီလို မဖြစ်မနေ အကြောင်းအမျိုးမျိုးနဲ့ ရုံးတက်နေကြသူတွေကို အတင်းအကျပ် အလုပ်မဆင်းခိုင်းတာတွေ၊ အလုပ်မဆင်းနိုင်အောင် ပိတ်ပင်တားဆီး နေကြတာတွေကိုတော့ လုံးဝလက်သင့်မခံနိုင်တဲ့ကိစ္စ၊ လူ့အခွင့်အရေး ကို ချိုးဖောက်တဲ့ကိစ္စရပ်လို့ ထင်မြင်မိပါတယ်။
အထက်က ကိစ္စတစ်ရပ်မှာ ဖြစ်စဉ်အမှန်က ကုမ္ပဏီဝန်ထမ်း အမျိုးသမီးလေးတစ်ဦး ဘတ်စ်ကားစီးပြီး ရုံးကိုသွားတဲ့ကိစ္စ၊ လမ်းပိတ်လည်း အလုပ်သွားရမယ်ဆိုပြီး ဖုန်းပြောနေသံကိုကြားတဲ့ အခါ ဝိုင်းဝန်းဆဲဆိုကြ၊ ဓာတ်ပုံတွေရိုက်ကြ လုပ်ကြပါတယ်။ လူအုပ်စုနဲ့ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးဟာ သူ့ကိုဓာတ်ပုံလာရိုက်တဲ့ သူရဲ့ ဖုန်းကိုရိုက်ချတယ်။ ခြေထောက်နဲ့ကန်တဲ့သူကို ဖုန်းနဲ့ထပ်ရိုက် တယ်။ ရန်ရှာသူတွေထဲက တစ်ယောက်ကို သူဆွဲပြီး လုံးပစ်လိုက် တယ်။ နောက်ဆုံး ကိုယ်ထိလက်ရောက်ဖြစ်ကြရတဲ့အချိန် သူ့မှာ ပါလာတဲ့ ခဲတံချွန်ဓားကိုထုတ်ပြီး တုံ့ပြန်တယ်။ သူ့ဖုန်းက ကားပေါ် ပါသွားလို့ အငှားကားနဲ့ရအောင်လိုက်တယ်။ ဖုန်းကိုသိမ်းထားတယ် ဆိုပြီး လှောင်ပြောင်သူတွေ၊ ကားတံခါးမဖွင့်ပေးတဲ့သူတွေကို မကြောက်နိုင်ဘဲ ကားရှေ့မှာ ပိတ်ရပ်နေခဲ့တယ်။ ခရီးသည် တစ်ယောက်က မနေနိုင်တဲ့အတွက် သူ့ဖုန်းကိုယူပြီး ပေးလိုက်တယ်။
ခံစားချက်နဲ့ဖွဲ့စည်းထားတဲ့ လူတစ်ဦးချင်းဆီမှာ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိပြီးသားပါ။ လူမှုကွန်ရက်မှာ သူ့ဗီဒီယိုပျံ့နှံ့လာပြီး ဖိအားပေးတဲ့ အချက်တွေကြောင့် တာဝန်ထမ်းဆောင်ဖို့သွားနေတဲ့ အမျိုးသမီးဟာ အလုပ်ကနေ ရပ်စဲခံလိုက်ရတယ်။ ဒီလောက်နဲ့မပြီးသေးဘူး၊ သူ့ရဲ့ ညစ်ညမ်းဗီဒီယိုဆိုပြီး မဟုတ်တဲ့ဗီဒီယိုတွေ ပျံ့နှံ့လာတယ်။ လူအုပ်စု တွေရဲ့ အမုန်းပွားမှုတွေ ခံရတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်အပေါ်တာဝန်ကျေပွန်တဲ့ ဓမ္မနဲ့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူသဘောပိုက်ပြီး အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ အဓမ္မ တို့ ထိပ်တိုက်တွေ့တဲ့ဖြစ်စဉ်ကို နားလည်ပြီး အားပေးကူညီသူ တွေလည်း ရှိပါတယ်။ အမျိုးသမီးလေး အလုပ်အသစ်ရှာချိန်မှာ အခက်အခဲမရှိစေဖို့ တပ်မတော်ကိုချစ်ခင်လေးစားသူတွေနဲ့ မတရားမှု ကို သတ္တိရှိရှိနဲ့တွန်းလှန်တဲ့အတွက် ဂုဏ်ပြုလိုသူတွေက ထောက်ပံ့ ငွေတွေ ချီးမြှင့်ကြတယ်။ အမှန်တရားအတွက်၊ ကိုယ့်ရပ်တည်မှု အတွက် သူ့လိုမျိုး ပြန်လည်မချေပရဲသူတွေ၊ မတုံ့ပြန်ရဲဘဲ စော်ကား ခံရတဲ့၊ အနိုင်ကျင့်ပြုမူခံရတဲ့ တာဝန်ကျေပွန်တဲ့ဝန်ထမ်းတွေ အများကြီးရှိနေနိုင်ပါတယ်။ သူတို့အားလုံးအတွက် စိတ်ပူမိပါတယ်။
ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်နေရင်းနဲ့ အရှက်ခွဲ၊ စော်ကားခံရတဲ့သူတွေနေရာမှာ မိမိသာဖြစ်ခဲ့မယ်ဆိုရင် အကြောင်းကြောင်းကြောင့် ကိုယ်ယုံကြည်ရာ အမှုကိစ္စကို ဆောင်ရွက် နေစဉ်မှာ အထင်အမြင်သေးစွာနဲ့ စော်ကားခံရတဲ့အခါ ဘယ်လို နေမလဲဆိုတာကို အနိုင်ကျင့်သူတွေ ကိုယ်ချင်းစာစေလိုပါတယ်။ အဲဒီအမျိုးသမီးအပြင် ရုံးတက်နေသူတွေကို အုပ်စုဖွဲ့ ခြိမ်းခြောက်တာ၊ ဆဲရေးတိုင်းထွာနေတာ၊ အလုပ်မဆင်းရလေအောင် အမျိုးမျိုး နှောင့်ယှက်နေတာဟာ ပျက်စီးရာပျက်စီးကြောင်းကို ရည်ရွယ် နေတယ်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေတယ်။ ဒီမိုကရေစီကို ပုံဖျက်နေတယ်၊ လူ့အခွင့်အရေးကို သွေးတိုးစမ်း နေတယ်လို့ပဲ ကောက်ချက်ချမိပါတယ်။
ဆက်စပ်ပြီး အဲဒီလို အကျိုးပျက်စီးရာပျက်စီးကြောင်း ကြံစည်နေ သူတွေရဲ့နောက်ကွယ်က စနစ်တကျနဲ့ လူထုကို အာရုံအမှားတွေ၊ အသိအမြင်အမှားတွေ မှိုင်းတိုက်ပေးနေသူတွေကို စိတ်ပျက်မိပါတယ်။ လက်ရှိအခြေအနေအပေါ်ကို စနစ်တကျ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မှန်မှန်ကန်ကန်နဲ့ ဝေဖန်ပိုင်းခြားမှုမရှိဘဲ ကောလာဟလ သတင်းမှား တွေကို ယုံကြည်နေမိတဲ့ ပြည်သူအချို့ကိုလည်း ကျွန်တော်ကတော့ အားမလိုအားမရဖြစ်မိပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ တာဝန်ယူချိန်ကနေစတင်ပြီး ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲသွားဖို့ မရှိကြောင်းနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေတစ်ရပ်မှာ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်က စားဝတ်နေရေးနဲ့ တည်ငြိမ် အေးချမ်းရေးဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်တိုးတက် ရေးကိုရှေးရှုလို့ စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိတဲ့ ရွေးကောက်ပွဲ ကို အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ဖို့ အားလုံးကတက်ညီလက်ညီ ရှေ့ဆက်ကြရမယ့်အချိန်မှာ အခုလို မညီမညွတ်နဲ့ တိုင်းပြည်တည် ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ချက်တွေဟာ ပိုမို ဆိုးရွားတဲ့အနာဂတ်ကို တွန်းပို့နေသလိုဖြစ်နေပါတယ်။
ဒီမိုကရေစီဆိုတာ ကိုယ်မကြိုက်တာကို မကြိုက်ကြောင်းပြောဆို နိုင်တယ်၊ ဆန္ဒဖော်ထုတ်နိုင်ပါတယ်။ သို့သော် ပျက်စီးရာပျက်စီး ကြောင်း၊ နိုင်ငံ့အကျိုးစီးပွားကို ထိခိုက်ရာထိခိုက်ကြောင်း လုပ်ဆောင်နေခြင်းကိုတော့ ဒီမိုကရေစီလို့ မသတ်မှတ်နိုင်ပါဘူး။ ဝန်ထမ်းတစ်ဦးဟာ ဒီအစိုးရကိုမကြိုက်လို့ အလုပ်မလုပ်ဘူး၊ နောက်အစိုးရကိုလည်း ကြိုက်မှသာ အလုပ်လုပ်မယ်ဆိုပြီး CDM ကိုသာ လုပ်နေကြမယ်ဆိုရင် နိုင်ငံအကျိုး သယ်ပိုးတဲ့ ဝန်ထမ်း ကောင်းဖြစ်နိုင်ပါဦးမလား။ အခုတော့ CDM လုပ်မယ်။ နောက်အစိုးရ တက်လာမှ အလုပ်လုပ်မယ်ဆိုတဲ့ ရွှေပြည်တော် မျှော်သူတွေကို အချိန်တန်လို့ အများဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ကရော ဘယ်လို ယူဆမယ်လို့ ထင်ပါသလဲ။ တက်လာ တဲ့ အစိုးရတိုင်းကို မကြိုက်ဘူးဆိုပြီး ဝန်ထမ်းတွေက တစ်ခါပြန်ပြီး CDM လုပ်ကြမယ်ဆိုရင် အမယ်ဘုတ်နဲ့ သူ့ရဲ့ ချည်ငင်လို့ တိုးတက် ရာတိုးတက်ကြောင်းမရှိဘဲ ဝန်ထမ်းတွေခံစားချက်ကို ရှေ့တန်းတင် နေကြတာနဲ့တင် တိုင်းပြည်ဘယ်လိုလုပ် မြင့်မားလာပါတော့မလဲ။ အဲဒါကြောင့်လည်း နိုင်ငံ့ဝန်ထမ်းတွေအတွက် သက်ဆိုင်ရာဥပဒေတွေ၊ ကျင့်ဝတ်၊ စည်းကမ်းတွေကို နိုင်ငံတိုင်းမှာ အတည်ပြုထားရတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေဟာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူအဖြစ် သတ်မှတ်ကြမှာမဟုတ်ဘဲ အကြိုက်နဲ့ဆန္ဒမတူသူတွေအပေါ်မှာလည်း လေးစားပေးရမှာ မဟုတ်ဘူးလား ခင်ဗျာ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နေ့စဉ်တွေ့နေရတာက ရုံးတက်သူတွေကို အတင်းအကျပ် ဓာတ်ပုံရိုက်ကြတာတွေ၊ ကိုယ်ဝန်သည် အမျိုးသမီး ရုံးတက်နေတာတွေကို ဆဲဆိုကျိန်ဆဲထားတာတွေ၊ ဝန်ထမ်းတွေ ရုံးလာကြတာကို တိုက်ရိုက်ထုတ်လွှင့်ပြီး အရှက်ခွဲတာတွေ၊ ပြည်သူ တွေ ငွေကြေး လွယ်လွယ်ကူကူ သုံးစွဲလို့ရအောင် အေတီအမ် ငွေထုတ်စက်တွေထဲ ငွေထည့်ပေးနေတဲ့ ဝန်ထမ်းတွေကို အရှက်ကွဲ အောင်၊ ဆက်မလုပ်ရဲအောင် ကြံစည်တာတွေဟာ သူတစ်ပါးရဲ့ လွတ်လပ်မှုကို စော်ကားတာဖြစ်သလို ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ချနင်းစေလိုက်တာပဲ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ဖတ်ရှုရတဲ့ အမှန်တရားနဲ့နီးစပ်တဲ့ ဝေဖန်မှု တစ်ခုကို ပြန်လည်မျှဝေလိုပါတယ်။ အဲဒါကတော့ အခုလက်ရှိ အဖိတ်အစင် ဒဏ်ရာရကြသူတွေအကြား နိုင်ငံရေးသမားတွေ ပါပြီလား၊ ကီးဘုတ်ဖိုက်တာတွေပါပြီလား၊ လွှတ်တော်ကိုယ်စားလှယ် တွေပါပြီ လား၊ အရင်ကအစိုးရအဖွဲ့ဝင်တွေပါပြီလား၊ လှုံ့ဆော်နေ တဲ့ ထင်ရှားကျော်ကြားကြသူတွေ ပါပြီလား၊ CDM ကို အတင်းဖိအား ပေးနေတဲ့ ပညာတတ်လူလတ်တန်းစားတွေ ပါပြီလားဆိုပြီး မေးခွန်း ထုတ်ထားတာပါ။ ကျွန်တော်စဉ်းစားနေမိတာလည်း အဲဒါပါပဲ။
မသိနားမလည် ရိုးအတဲ့ပြည်သူတွေကို ၈ ရက်နေ့ အပြီးတို့၊ ခုနစ်ရက်ပြည့်တို့၊ ဗိုလ်ချုပ်မွေးနေ့ထူးပြီတို့၊ ၂ ငါးလုံးအပြီးတို့ အမျိုးမျိုးလှုံ့ဆော်နေကြတယ်။ ရိုးသားတဲ့ပြည်သူတွေခမျာ အမေရိ ကန်တပ်သားတွေလာမယ်ဆိုလည်း ယုံလိုက်ကြ၊ နိုင်ငံတကာက ဖိအားတွေပေးပြီး အခုပဲ နိုင်ငံတကာလုံခြုံရေးတပ်တွေ ဝင်လာတော့ မလို ပြောတာလည်း ယုံလိုက်ကြ၊ လူအများညီရင် ဘာမှလုပ်လို့မရဘူး ရှေ့တိုးကြဆိုလည်း ယုံလိုက်ကြတာ။ ဝန်ထမ်းတွေကို လစာမပေး နိုင်တော့ဘူးဆိုလည်း ယုံလိုက်ကြနဲ့ မသိနားမလည်တဲ့ လူငယ်တွေ၊ ရိုးသားတဲ့ သာမန်ပြည်သူတွေကို နောက်ကွယ်ကနေ မြှောက်ပေးပြီး အုပ်စုစိတ်ဓာတ်ရိုက်သွင်းပေးပြီး စတေးခိုင်းသူတွေကို အံ့ဩ မိတယ်။
ကိုဗစ်ကြောင့် ပြည်သူတွေအားလုံး အလုပ်အကိုင်တွေထိခိုက်၊ စားဝတ်နေရေးတွေ ခက်ခဲနေရတဲ့အချိန်၊ လက်လုပ်လက်စားတွေ၊ လခစားတွေ အခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်လာရင် နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ ခိုးဆိုးလုယက်တာတွေ၊ အဖျက်အမှောင့် လုပ်ရပ်တွေ အားကောင်းလာစေတာကို ပြည်သူတွေ ဆင်ခြင်တွေးတော စေလိုပါတယ်။ ပြည်သူ့အကျိုးအတွက် ကောင်းရာကောင်းကြောင်း လုပ်ပေးနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေကို တိုက်ခိုက်ပြောဆိုနေတာ၊ စော်ကားနေတာ၊ ပိတ်ပင်တားဆီးနေတာဟာ တရားဥပဒေကို မျက်ကွယ်ပြုတာလည်း ဖြစ်ပါတယ်။
ဟိုနေ့ကလည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေအပြင် သွားကြရတဲ့ ပြည်သူတွေကို လမ်းတွေပိတ်ပြီး သွားလာလို့မရအောင် ပိတ်ဆို့ထားတာတွေ၊ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေတာတွေ၊ လမ်းဖွင့် ပေးဖို့ တောင်းဆိုသူတွေကို ဆဲရေးတိုင်းထွာတာ၊ လမ်းပိတ်ခံထား ရတဲ့ ကားတွေကိုဓာတ်ပုံရိုက်တာ၊ အုပ်စုဖွဲ့အရှက်ခွဲတာတွေကို မြင်ရပါ တယ်။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်လို့ရနိုင်တဲ့ နည်းလမ်းတွေကို မသုံးဘဲ အခုလို အဓမ္မလုပ်ကိုင်နေတာတွေကို မြင်ရတာ အတော်လေး ရုပ်ပျက်ဆင်းပျက် မြင်ကွင်းတွေလို့ ခံစားရစေပါတယ်။ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေကို ရေသန့်ဘူးတွေ၊ ခဲလုံးတွေနဲ့ပေါက်ကြတာ တွေကို မြင်တွေ့ရတယ်။ မတတ်သာတဲ့အဆုံး အဓိကရုဏ်း နှိမ်နင်း နေရတဲ့အခြေအနေတွေကို မြင်တွေ့ရတာ စိတ်မသက်သာဖြစ်ရပါ တယ်။ နှစ်ဖက်စလုံးက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေမဟုတ်ဘူး လား ခင်ဗျာ။
ကျွန်တော်တို့ငယ်ငယ်က လူကြီးတွေပြောတာ ကြားဖူးတယ်။ တိုင်းပြည် မတည်ငြိမ်ကြရင် မင်းလောင်းမျှော်ကြသတဲ့။ စကြာမင်း ကြွလာမယ်တို့၊ တိုင်းပြည်ကိုကယ်တင်မယ့် မင်းလောင်းပေါ်မယ်တို့ အမျိုးမျိုးတွေပေါ့။ အမှန်တော့ လွတ်လပ်ရေးကို နယ်ချဲ့လက်အောက်က အရယူပေးတာ မြန်မာနိုင်ငံသားတွေပါပဲ။ ဘယ်ပြည်ပနိုင်ငံသားကမှ သူများနိုင်ငံရဲ့အကျိုးစီးပွားကို အသက်စွန့်ပြီး မကာကွယ်ပါဘူး။ နိုင်ငံရဲ့ပြည်တွင်းရေးကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမှာက နိုင်ငံသားတွေရဲ့ တာဝန်ဖြစ်ပါတယ်။ မြှောက်ပေးသူတွေ၊ သွေးထိုးလှုံ့ဆော်သူတွေဟာ နောက်ကွယ်ကနေ နိုင်ငံတည်ငြိမ်မှုမရှိအောင် သွေးထိုးပေးနေတဲ့အတိုင်း ကြိုးဆွဲရာကနေကြလို့ မဖြစ်ချေပါဘူး။ အားလုံးစုစုစည်းစည်းနဲ့ ဥပဒေဘောင်အတွင်းကနေ အားလုံးပါဝင်ညီမျှတဲ့ ဒီမိုကရေစီဖော်ဆောင် မလဲဆိုတာကိုပဲ ဦးတည်စေချင်ပါတယ်။
ယနေ့အခြေအနေရောက်လာခဲ့ရတာကိုက ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို မျက်ကွယ်ပြုပြီး တိုင်ပင်နှီးနှောမှု၊ ညှိနှိုင်း အဖြေရှာမှုအားနည်းခဲ့ရတဲ့အတွက်လို့ ကျွန်တော်ကတော့ မှတ်ယူပါ တယ်။ ဒါကိုသင်ခန်းစာယူပြီး အနာဂတ်မြန်မာ့နိုင်ငံရေးကို ထုဆစ်ရာ မှာ ဆန္ဒပြသူတွေပြောနေကြတဲ့ နွေဦးတော်လှန်ရေးကနေ အားလုံး ညီညီ ညွတ်ညွတ်နဲ့ဖန်တီးကြမယ့် နွေဦးနံနက်ခင်းအဖြစ် ပြောင်းလဲ နိုင်ဖို့ လိုပါတယ်။ အဖျက်အမှောင့်လုပ်ရပ်တွေကို ပြည်သူတစ်ရပ်လုံးက နားလည်သဘောပေါက်ပြီး ပူးပေါင်း ကြိုးပမ်းကြမယ်ဆိုရင် အနာဂတ်အတွက် အချိန်မနှောင်းသေးဘူးလို့ ထင်မြင်မိ ပါတယ်။
တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ အေးချမ်း လုံခြုံခြင်းကို လိုလားကြတဲ့ ပြည်သူတွေဟာ လက်ရှိအခြေအနေမှာ ဖြစ်ပွားနေတဲ့ ဥပဒေမဲ့ ကျူးလွန်မှုတွေကို လက်သင့်ခံနိုင်ကြမယ် မထင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကနေ ပြည်သူကိုအသိပေးချက်တွေ၊ မေတ္တာရပ်ခံချက်တွေ ထုတ်ပြန်ပြီး တစ်ဖက်မှာလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်နေရပြီဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနဲ့ ပြည်သူလူထု ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးအတွက် ဆောင်ရွက်နေရတာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းရလဒ်များကို ပြန်လည် စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်တဲ့ကိစ္စရပ်တွေကို အမြန်ဆုံး နဲ့ စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် တွေနဲ့အညီ ဆောင်ရွက်ပြီးစီးတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်မှာ ဖြစ်တယ်ဆိုတာကိုလည်း အတိအလင်း ကြေညာထားပြီးသား ဖြစ်ပါတယ်။
ဒါတွေကို လျစ်လျူရှုပြီး တိုင်းပြည်ပျက်စီးကြောင်း ကြံစည် မြှောက်ပင့် သွေးထိုးပေးနေတာ၊ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြ မှုတွေကို တိုးပွားအောင်လုပ်ဆောင်နေတာ၊ ကောလာဟလသတင်း မှားတွေနဲ့ လူထုကိုကြိုးကိုင်နိုင်အောင် လုပ်ဆောင်နေတာတွေကို ရည်ရွယ်ချက်အပြည့်နဲ့ လုပ်ဆောင်တဲ့သူတွေအနေနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပြည်သူတွေအနေနဲ့လည်း စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာစေဖို့ အားလုံးညီညွတ်စွာနဲ့ လျှောက်လှမ်းသွား ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။
- Log in to post comments