မုံရွာမြို့ အလုံရပ်ကွက် ချမ်းသာကြီးဘုန်းကြီးကျောင်းတွင် GDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

နေပြည်တော်     ဒီဇင်ဘာ     ၁၃


အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်  ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက်လုပ်ရပ် များ  လုပ်ဆောင်ရာတွင်  အသုံးပြုမည့်  လက်နက်၊ ခဲယမ်းများကိုလည်း  နည်းမျိုးစုံဖြင့်  နိုင်ငံအတွင်း ပို့ဆောင်၍  အများပြည်သူ  ယုံကြည်ကိုးကွယ်ရာ ဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့တွင် သိုဝှက် သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှု ကို အလွဲသုံးစားပြုလုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။    


ထိုသို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမရှိစေရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်    စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်တွင် မုံရွာမြို့ အလုံရပ်ကွက်  မြို့ဦးရပ်ရှိ  ချမ်းသာကြီးဘုန်းကြီးကျောင်းအတွင်း၌  GDF အမည်ခံ အကြမ်းဖက်သူများရောက်ရှိနေကြောင်း သိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့က   သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ  ကျောင်းတိုက်အတွင်း၌ ဥူးဩဘာသ(ခ)အောင်ဇော်ထွန်း (၄၉)နှစ်၊ သိန်းစိုးမင်း (ခ)ကိုစိုး(၄၀)နှစ်၊ မျိုးသူ(၂၅)နှစ်၊ အောင်ချစ်(၂၁)နှစ်၊ ကျော်ဇင်(၃၀)နှစ်၊  သူရိန်စိုး(၁၆) နှစ်၊ စောမင်းထိုက်(၂၁)နှစ်၊ ရဲထက်(ခ) ရဲထွဋ်ဇော်(၂၉)နှစ်နှင့် ခိုင်ဇော်ဦး (၃၅)နှစ် ပေါင်း ကိုးဦးတို့ကို လက်လုပ်သေနတ် တစ်လက်၊ လက်လုပ် လေသေနတ် ငါးလက်၊  လက်လုပ်သေနတ်တို တစ်လက်၊   ပြုလုပ်ဆဲ လက်လုပ်သေနတ် ခုနစ်လက်၊ လက်လုပ်ကျည်ခွံ ၉၆ ခု၊ ပြုလုပ်ဆဲ လက်လုပ်ဗုံး ခုနစ်လုံး၊ ၇ ဒသမ ၆၂ ကျည် သုံးတောင့်၊ ပွိုင့်-၂၂ ကျည် အတောင့် ၂၀၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖော်ထုတ်သိရှိရ


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စောမင်းထိုက်သည် ဇွန်လမှဇူလိုင်လထိ ကျော်ဇင် ဖမ်းဆီးရန်ကျန် အောင်ကြီး၊ ပိတောက်၊ ဇော်လေး၊ ငဦး၊ ဂျိုးမောင်တို့နှင့်အတူ ကနီမြို့ လက်ပံစုကျေးရွာ၌ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 
ဖမ်းဆီးရမိတရားခံ ဥူးဩဘာသ(ခ)အောင်ဇော်ထွန်း၏ ထွက်ဆို ချက်အရ နိုဝင်ဘာလ (တတိယပတ်)တွင် ဖမ်းဆီးရန်ကျန် မွတ်တီးက PDF အမည်ခံအကြမ်းဖက်အချို့ကို ကျောင်းတိုက်၌ နေထိုင်ခွင့်ပြုရန် တောင်းခံခဲ့သဖြင့်   ခွင့်ပြုပေးခဲ့ရာ  နိုဝင်ဘာလ (စတုတ္ထပတ်) တွင် ဖမ်းဆီးရန်ကျန်    မွတ်တီးနှင့်  ဖိုးသားကြီး(ခ)နိုင်မင်းထက် တို့၏ ချိတ်ဆက်ပေးမှုဖြင့် သိန်းစိုးမင်း(ခ)ကိုစိုး အပါအဝင် ၁၁ ဦးသည် လက်လုပ်သေနတ်များပြုလုပ်ရန် ကျောင်းတိုက်၌ လာရောက်နေထိုင် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံ သိန်းစိုးမင်း(ခ)ကိုစိုး ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ဖိုးသားကြီး(ခ)နိုင်မင်းထက်က နိုဝင်ဘာလတွင် လက်လုပ် သေနတ်နှင့် လက်လုပ်ခဲယမ်းများ ပြုလုပ်ပေးရန် အကူအညီတောင်းခံ ခဲ့သဖြင့် မျိုးသူ၊ အောင်ချစ်၊ ကျော်ဇင်၊ သူရိန်စိုး၊ စောမင်းထိုက်၊ ရဲထက် (ခ)ရဲထွဋ်ဇော် ဖမ်းဆီးရန်ကျန် မွတ်တီး၊ ဇော်ဝင်း၊ အောင်ခန့်ကျော်၊ ရဲရင့်အောင်၊ ဘွတ်တီးတို့နှင့်အတူ အလုံရပ်ကွက် ချမ်းသာကြီးဘုန်းကြီး ကျောင်း၌ လက်လုပ်သေနတ် ၁၅ လက်ခန့် ပြုလုပ်ခဲ့ပြီး ဘုတလင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ထံသို့ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ပေးပို့လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ ကျော်ဇင် ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ဖက်တီး၏ စေခိုင်းမှုဖြင့် ဩဂုတ်လ(ပထမပတ်)တွင် သိန်းစိုးမင်း(ခ)ကိုစိုး ဖမ်းဆီးရန်ကျန် ဖက်တီး၊ ကတုံး၊ ဖြိုးကို၊ ဒေါက်တာ၊ ထွန်းထွန်း၊ ခန့်ခန့်တို့နှင့်အတူ  မုံရွာမြို့နယ် သာစည်ရွာအနီးရှိ တောင်တစ်လုံး တောင်တွင်   လက်လုပ်သေနတ်   ၁၂  လက်ခန့်ကို     လည်းကောင်း၊ အောက်တိုဘာလတွင် ကနီမြို့နယ် လက်ပံစုရွာအနီးတွင် စောမင်းထိုက်၊ ဖမ်းဆီးရန်ကျန် ဇော်လေး၊ ဝေမိုးစည်၊ မောင်ကြောင်၊ ပီရ၊ အောင်ကြီး၊ ပိတောက်တို့နှင့် လက်လုပ်သေနတ် ၁၂ လက်ခန့်ကိုလည်းကောင်း ပြုလုပ်ခဲ့ပြီး ဘုတလင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထံသို့ အကြမ်း ဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ပေးပို့လျက်ရှိကြောင်း ဖော်ထုတ်သိရှိရ သည်။


ဖမ်းဆီးရမိတရားခံ သိန်းစိုးမင်း(ခ)ကိုစိုး ၏  ထွက်ဆိုချက်အရ သိမ်းဆည်းရမိသည့် ခဲယမ်းများအား ဒီဇင်ဘာ ၉ ရက်တွင် ဖမ်းဆီးရန် ကျန် ဖိုးသားကြီး(ခ) နိုင်မင်းထက်က ဥူးဩဘာသ (ခ) အောင်ဇော်ထွန်း ထံ  ပေးအပ်ရန်ပြောကြားခဲ့သဖြင့်   သွားရောက်ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဘာသာရေးယုံကြည်မှုအပေါ် ခုတုံးလုပ်


နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက်အုပ်စု ဖြစ်သည့် NUG အနေဖြင့် ပြည်သူလူထု၏ ဘာသာရေးယုံကြည်မှုအပေါ် ခုတုံးလုပ်ကာ သံဃာတော် အယောင်ဆောင်သူများ၊ ဘာသာရေးဆရာ တော်အယောင်ဆောင်သူများကို   အသုံးချ၍   ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် ပရဝဏ်များတွင် အကြမ်းဖက်ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်းဆည်းခြင်းများ ပြုလုပ်လာ ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများအနေဖြင့် ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် အသိတရား လက်ကိုင်ထားလျက် နိုင်ငံတော်အစိုးရ၏ ဓမ္မစက်၊   အာဏာစက်များဖြင့်   ထိရောက်စွာဖော်ထုတ်အရေးယူ ဆောင်ရွက်မှုများ၌ ဘာသာရေးအရေခြုံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သတင်းများကို   နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး   ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း သက်ဆိုင်ရာ က အသိပေး သတင်းထုတ်ပြန်ထားသည်။              

 

          သတင်းစဉ်