မုံရွာမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တွင်  ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို      ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ    စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ညနေ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့ ရုံးကြီးရပ်ကွက်  ကမ်းနားလမ်း အမြန်ရေယာဉ်ဆိပ်    အနီးတွင် ဇော်မျိုးဝင်း(ခ)ဖိုးပြား မောင်းနှင် ပြီး      နောင်နောင်(ခ) မြင့်နောင် လိုက်ပါလာသည့်       SUZUKI မော်တော်ယာဉ်ကို     သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို သိမ်းဆည်းရမိခဲ့ပြီးစစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို    စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှ ဟုမ္မလင်းမြို့ သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်         သူများကို ဆက်လက်     စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်