မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်

 

နေပြည်တော်  မေ  ၂၅
ယနေ့မြန်မာစံတော်ချိန်      ၅       နာရီခွဲ     တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်     ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး  မြန်မာနိုင်ငံ   ကိုကိုးကျွန်းမြို့၏ အနောက် မြောက်ဘက် ရေမိုင်  ၃၃၀  ခန့်၊  ဟိုင်းကြီးကျွန်းမြို့၏ အနောက် မြောက်ဘက် ရေမိုင် ၃၀၀  ခန့်၊  သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၂၆၅   မိုင်ခန့်၊  စစ်တွေမြို့၏    အနောက်-အနောက်တောင်ဘက် ရေမိုင်   ၂၁၀     ခန့်၊    ဘင်္ဂလားဒေ့ရှ်နိုင်ငံ    ခီပူပါရာမြို့၏   တောင်-အနောက်တောင်ဘက် ရေမိုင် ၂၂၀  ခန့်၊  အိန္ဒိယနိုင်ငံ   အနောက် ဘင်္ဂလားပြည်နယ်    ဆာဂါကျွန်း၏    တောင်-အရှေ့တောင်ဘက်  ရေမိုင်    ၂၂၀   ခန့်နှင့်   ကန်နင်းမြို့၏   တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အားကောင်းသောမုန်တိုင်းငယ်၏        လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
 အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၅ နာရီခွဲတွင်  မြောက်လတ္တီကျု  ၁၈ ဒသမ ၄  ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၈၉ ဒသမ ၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၃ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်သည်။     
နောက်(၃၆)နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး    နောက်(၆)နာရီအတွင်း   ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့်     ယင်းနှင့်ဆက်စပ်လျက်ရှိသော    ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတို့တွင်      ပိုမိုအားကောင်းလာနိုင်ကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့     ရောက်ရှိနိုင်သည်။    ထို့နောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၂၆-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင်     ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော   ဘင်္ဂလားပင်လယ်အော်   အရှေ့ မြောက်ပိုင်းတို့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်ကာ ၂၆-၅-၂၀၂၄ ရက်နေ့   ညပိုင်းတွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ခီပူပါရာမြို့နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ   အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု  ခန့်မှန်းရ သည်။
သတိပေးနှိုးဆော်ချက်  
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ ညမှ ၂၇-၅-၂၀၂၄    ရက်နေ့အတွင်း   နေပြည်တော်၊   စစ်ကိုင်းတိုင်း ဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊   ပဲခူး တိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊   ကချင်ပြည်နယ်၊   ချင်းပြည်နယ်၊   ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  နေရာစိပ်စိပ်မှ နေရာအနှံ့အပြား   မိုးထစ်ချုန်းရွာပြီး    အချို့နေရာများတွင်  ဒေသ အလိုက်နှင့်   နေရာကွက်၍    မိုးကြီးခြင်းများနှင့်အတူ    လေပြင်း တိုက်ခတ်ခြင်းများ   ဖြစ်ပေါ်နိုင်သည်။  မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး    လှိုင်းကြီးမည်။    မိုးသက် လေပြင်းကျစဉ်  ရေပြင်/မြေပြင်လေသည်  ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး  လှိုင်းအမြင့်မှာ   ၉ ပေမှ   ၁၂  ပေခန့်ရှိနိုင်သည်။ မြစ်ဝကျွန်းပေါ်၊     ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်    ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်   ၂၅-၅-၂၀၂၄  ရက်နေ့မှ  ၂၆-၅-၂၀၂၄ ရက်နေ့ အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၈ ပေခန့် ရှိနိုင်သည်။  
အကြံပြုချက်  
သို့ဖြစ်ပါ၍   အားကောင်းသောမုန်တိုင်းငယ်၏   အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ      လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် များ ဖြစ်ပေါ်နိုင်သဖြင့်     ကုန်းမြင့်ဒေသအနီးတွင်     နေထိုင်ကြသူ များအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်   ရေကြီး၊   ရေလျှံမှုများကို   ကြိုတင် သတိပြုနိုင်ပါရန်နှင့်     ပြည်တွင်းလေကြောင်းပျံသန်းရေး၊   မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။               မိုး/ဇလ