မူဆယ်မြို့ လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲနှင့် လွယ်တိန်ခမ်း ဘိုးဘွားရိပ်သာဖွင့်

 

မူဆယ်  ဇူလိုင်  ၁၆


ရှမ်းပြည်နယ်     (မြောက်ပိုင်း)မူဆယ်မြို့၌ လောကမာန်အောင်  စေတီတော်မြတ်ကြီး စိန်ဖူးတော် တင်လှူပွဲနှင့်   လွယ်တိန်ခမ်း ဘိုးဘွားရိပ်သာဖွင့်ပွဲကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ    မြို့နယ်သံဃ နာယကဥက္ကဋ္ဌ ဆရာတော် ဘန္ဒန္တ စန္ဒာဝရ (မဟာသဒ္ဓမ္မဇောတိက)ထံမှ  ငါးပါးသီလ  ခံယူဆောက် တည်ခြင်း၊ ဘုရားအနေကဇာတင် ခြင်း၊       လောကမာန်အောင် စေတီတော်မြတ်ကြီး စိန်ဖူးတော် တင်လှူကြသည်။
ဆက်လက်၍  လွယ်တိန်ခမ်း တောင်ခြေ၌  တည်ဆောက်ထား သည့်   လွယ်တိန်ခမ်း   ဘိုးဘွား ရိပ်သာဖွင့်ပွဲကို ကျင်းပရာ မြို့နယ် သံဃနာယကဥက္ကဋ္ဌ   ဆရာတော်  ဘဒ္ဒန္တစန္ဒာဝရ        (မဟာသဒ္ဓမ္မ ဇောတိက)၊    ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ဗိုလ်ချုပ်စိုးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး  အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး     ဟန်ဝင်းဇော် နှင့်ဘိုးဘွားရိပ်သာ   စောင့်ရှောက် မှုကော်မတီဥက္ကဋ္ဌတို့က     ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍   လွယ်တိန်ခမ်း ဘိုးဘွားရိပ်သာ       ပိုင်ဆိုင်မှု    အထောက်အထားများအား  ခရိုင် အုပ်ချုပ်ရေးမှူးက    ဘိုးဘွား ရိပ်သာကြီးကြပ်မှု   ကော်မတီ ဥက္ကဋ္ဌထံ ပေးအပ်ပြီး အလှူရှင်များ နှင့်  တည်ဆောက်ရေး  အလှူရှင် များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။  
လွယ်တိန်ခမ်း       ဘိုးဘွား ရိပ်သာကို စေတနာရှင်များစုပေါင်း လှူဒါန်းငွေကျပ်    ၅၂၅၃၆၆၀၀၀ ဖြင့်  စေတနာရှင်များ   စုပေါင်း တည်ဆောက်  လှူဒါန်းထားပြီး ရာသက်ပန် မတည်အလှူငွေကျပ် ၁၆၈၁၀၀၀၀၀   ဖြင့်    ခိုကိုးရာမဲ့   သက်ကြီး ဘိုးဘွားများအား   စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း သိရသည်။


ချယ်ရီမြေ