
နေပြည်တော် ဩဂုတ် ၂၅
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၄ ရက် နံနက် ၁၁ နာရီခွဲ တွင် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် အိမ်အမှတ်(၂၄၈)နေ မဆိုင်းနန် (ခ) အားဟွေ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်စတိုခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၆ ကီလို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော် ရပ်ကွက် စွမ်စော်(၁)လမ်း၌ လှမြင့်(ခ)ရန်ချောင်မြင့် မောင်းနှင် လာသည့် သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလား တူ မွန်းလွဲ ၁ နာရီခွဲတွင် ပူးပေါင်း အဖွဲ့သည် မူဆယ်မြို့နယ် မူဆယ်-နမ့်ခမ်းသွား ကားလမ်း နောင်မိုကျေးရွာအနီး၌ မကျန်းယုံ ကျီး မောင်းနှင်လာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ကိုလည်းကောင်း၊ ဩဂုတ် ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ် ပင်လောင်း-နေပြည်တော်သွား ကားလမ်း လိန်းလီကြိုးတံတား အနီး၌ မျိုးမင်းဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်