
နေပြည်တော် ဧပြီ ၁၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြဝတီ မြို့ အမှတ်(၄) ရပ်ကွက်တွင် မသက်မာစိုး(ခ)စိုးစိုး မောင်းနှင် လာသည့် ဆိုင်ကယ်နှင့် ဇော်ဇော် ထွန်း မောင်းနှင်ပြီး ဇော်လတ် လိုက်ပါလာသည့် ဆိုင်ကယ်နှစ်စီး တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလား တူ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြဝတီ မြို့ အမှတ်(၅)ရပ်ကွက် သုခ လမ်းတွင် ကောင်းဆက်လွင်(ခ)မောင်ကောင်းကို ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ညနေ ၃ နာရီ တွင် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် အနော်ရထာလမ်းရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၈၂၅၀ ကို လည်း ကောင်း။
ဧပြီ ၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာအုပ်စု ပွဲကောက် ကျေးရွာအနီးတွင် အောင်ဇော် စိုးဝင်း(ခ)ကိုငယ် မောင်းနှင်ပြီး မခင်မို့မို့ဝင်း လိုက်ပါလာသည့် AD VAN အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈၈၀၀ နှင့် မြန်မာငွေကျပ် ငါးသိန်းတို့ကို သိမ်းဆည်းရမိခဲ့ ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၆ နာရီခွဲတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၂)ရှိ အောင်ဇော် စိုးဝင်း(ခ)ကိုငယ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉၄၀ ကို လည်း ကောင်း။
ဥပဒေအရ အရေးယူ
ဧပြီ ၈ ရက် ည ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် တာချီ လိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု လွယ်တော်ခမ်း ကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းတွင် အားဖျော့ကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၀၀ ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား