မြဝတီနှင့် ညောင်ရွှေမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၅


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ     ပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက်  မွန်းလွဲ ၃ နာရီတွင် မြဝတီမြို့      အမှတ်(၂)ရပ်ကွက်  ပတ္တမြားလမ်းတွင်  သိန်းဟန်စိုး  (ခ)  အထစ်  မောင်းနှင်ပြီး  တင်ဝင်းလှိုင် (ခ)မင်းမင်း လိုက်ပါလာသည့်  ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေး ရှာဖွေ ရာ   စိတ်ကြွရူးသွပ်ဆေးပြား ၂၇၉၀ ကို လည်းကောင်း၊      ထို့ပြင် ယင်းနေ့  မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင်    မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်းအဖွဲ့သည်  ညောင်ရွှေမြို့နယ် ကျေးပေါခုံကျေးရွာ အုပ်စု ကျားတွန်ကျေးရွာအနီးတွင်  ခွန်ကျော်သိန်း မောင်းနှင် လာသည့်    မော်တော်ယာဉ်ကို    ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၃၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့်   ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲ စေသော  ဆေးဝါးများဆိုင်ရာဥပဒေအရ    အရေးယူထား ကြောင်း သိရသည်။                                    

ရဲပြန်ကြား