
နေပြည်တော် ဇွန် ၁၃
Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည် မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ် ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Myanmar CDC ၌ ကျင်းပပြုလုပ် သည်။ (အပေါ်ယာပုံ)
အခမ်းအနားတွင် နားလည်မှု စာချွန်လွှာ (MoU) ကို Myanmar CDC ကိုယ်စားပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် China CDC ကိုယ်စား Prof. Li Qun (De- puty Director General, China CDC)တို့က လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်းဖြင့် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် အခြား သော ကူးစက်ရောဂါများအပါ အဝင် ကူးစက်ရောဂါများကို ထိန်းချုပ်ကာကွယ်ခြင်း၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါများကို ကာကွယ်ကုသခြင်း၊ ဓာတ်ခွဲခန်း များ၏ စွမ်းဆောင်ရည်မြှင့်တင် ရေး၊ ကျန်းမာရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျန်းမာရေး ဝန်ထမ်းများကို လေ့လာရေးခရီး သင်တန်းများစေလွှတ်ခြင်း၊ ပူးတွဲ သုတေသန ပြုလုပ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများကို လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက် ခြင်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် သည်။
နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား သို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့်အတူ ရန်ကုန်မြို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ စီးပွားရေးကောင်စစ်ဝန် Mr. Ouyang Daobing ၊ Myanmar CDC၊ China CDC ၊ ယူနန်ပြည်နယ် Yunnan Disease Control and Prevention Administration နှင့် National Institute of Parasite Disease (China CDC) တို့မှ တာဝန်ရှိသူများ တက်ရောက် ကြပြီး အခမ်းအနားအပြီးတွင် (၈)ကြိမ်မြောက် မြန်မာ - တရုတ် နှစ်နိုင်ငံ ကူးစက်ရောဂါနှင့် ငှက်ဖျား ရောဂါတိုက်ဖျက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်