Mytel ရုံးချုပ်မှ GM ဦးသိန်းအောင်ကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံများအား ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ  ၁၉


၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင်  မရမ်းကုန်းမြို့နယ် (၇)ရပ်ကွက်  တေးနုယဉ်လမ်းနေ ဦးသိန်းအောင်သည် ဇနီးနှင့် အတူ အိမ်ရာဝင်းအတွင်း   လမ်းလျှောက်နေစဉ်   (စိစစ်ဆဲ)အမျိုးသားတစ်ဦးက   သေနတ်ဖြင့်    ပစ်ခတ်ခဲ့သောကြောင့် ဦးသိန်းအောင် သေဆုံးခဲ့ပြီး  ဇနီးဖြစ်သူမှာ  ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 


ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု  မရှိ စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန် သည့်  တရားခံများအား   ဖော်ထုတ်ဖမ်းဆီးနိုင်ရေး  စုံစမ်း ဖော်ထုတ်ခဲ့ရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်သတင်းပေးမှု ကြောင့်    ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင်      မသင်္ကာဖွယ်ရာ စက်ဘီးစီးလာသည့် အမျိုးသားသုံးဦးနှင့် ၎င်းတို့၏နောက်မှ ကပ်လျက်လိုက်ပါလာသည့်  HYUNDAI ACCENT အမျိုးအစား အဖြူရောင်ယာဉ်အား တွေ့ရှိကြောင်း  သိရှိရသဖြင့်   စုံစမ်း ဖော်ထုတ်ခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင်    ပစ်ခတ်မှုဖြစ်စဉ်ပါ တရားခံဖြစ်သော စစ်ဇော်ကံ(ခ) ဟန်သာ ထွန်း(၁၉ နှစ်)အား    မင်္ဂလာဒုံမြို့နယ် ပတ္တမြားရပ်ကွက်    နီလာလမ်း  အမှတ် (၁၈၇) နေအိမ်၌ ဆက်စပ်တရားခံ ဖြိုးအိ ကျော်(၂၄ နှစ် )နှင့်အတူ    ဖမ်းဆီးရမိခဲ့ သည်။

 


ဖမ်းဆီးရမိတရားခံ     စစ်ဇော်ကံ(ခ)ဟန်သာထွန်း၏ ထွက်ဆိုချက်အရ လှိုင် မြို့နယ် (၇)ရပ်ကွက်  ကျောင်းကုန်း(၁)လမ်းနေ        ပစ်ခတ်မှုဖြစ်စဉ်ပါတရားခံ ဗညားစိုးထက်(ခ)    လီယို(၂၃ နှစ်)ကို လည်းကောင်း၊     တိုက်ကြီးမြို့နယ် အုတ်ပုံစုရပ်ကွက်   တောင်ပေါ်လမ်း(ခ) ဂျိုးဖြူကန်လမ်းနေ     ဆက်စပ်တရားခံ စိုင်းစည်သူ(၃၅ နှစ်)အား  လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 


အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်


ဖမ်းဆီးရမိတရားခံ    စစ်ဇော်ကံ(ခ)ဟန်သာထွန်းသည်  ဧပြီလအတွင်း KNLA တပ်မဟာ(၆) နယ်မြေတွင်   အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း   တက်ရောက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရပြီး ၎င်းအနေဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားရှိသည့် ဥက္ကာ (ဖမ်းဆီးရန်ကျန်)    ခေါင်းဆောင်သော  ရန်ကုန်တော်လှန်ရေး        အင်အားစု (Yangon  Revolution Force-YRF)တွင် ဒုတိယခေါင်းဆောင်အဖြစ်       ပါဝင်၍ တရားခံ   ဗညားစိုးထက် (ခ)  လီယိုမှာ တတိယခေါင်းဆောင်အဖြစ်      ပါဝင် ကြောင်း၊  တရားခံ ဖြိုးအိကျော်သည် YRF အဖွဲ့တွင်  ဘဏ္ဍာရေးမှူးအဖြစ်ပါဝင်ပြီး ထောက်ပံ့ရရှိငွေများနှင့်      လိုအပ်သည့် လက်နက်/ ခဲယမ်းများ        ဝယ်ယူမှု    ချိတ်ဆက်  ဆောင်ရွက်ပေးသူဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏  ထွက်ဆို ချက်အရ   ၎င်းတို့အဖွဲ့၏   အကြမ်းဖက် လုပ်ရပ်များကို   အားပေးထောက်ခံသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ငွေ နှင့် ဆေးဝါးများ   ထောက်ပံ့ပေးလျက်ရှိ ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ထို့ပြင်၎င်းတို့အဖွဲ့အနေဖြင့်  အကြမ်း ဖက်  လုပ်ရပ်များကျူးလွန်ရန်   လိုအပ် သော လက်နက်/ခဲယမ်းများအား  Jame (YUG အဖွဲ့) ထံမှ   စက်တင်ဘာ ၂၆ ရက် တွင် တရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်း သည်  ငကျား(Free Tiger Ranger-FTR) ထံမှတစ်ဆင့်   ပစ္စတို သုံးလက်၊ ကျည်အိမ် ငါးခု၊   ကျည် ၁၂၁ တောင့်အား  ရရှိခဲ့ပြီး တရားခံ    ဗညားစိုးထက်(ခ)လီယိုထံတွင် သိမ်းဆည်းခဲ့ကြောင်း    ဖော်ထုတ်သိရှိရသည်။

 


ကြိုတင်စီစဉ်ထားခဲ့


ဖမ်းဆီးရမိတရားခံများ၏  ထွက်ဆို ချက်အရ YRF အဖွဲ့သည်  ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ  လုပ်ဆောင်ပြီး ပါက   တရားခံ စိုင်းစည်သူ ပိုင်ဆိုင်သော တိုက်ကြီးမြို့နယ်၊   ငါးစုကျေးရွာအနီးရှိ ခြံတွင်      ထွက်ပြေးတိမ်းရှောင်နိုင်ရန် ကြိုတင်စီစဉ်ထားခဲ့ကြောင်း   ဖော်ထုတ် သိရှိရသည်။

 


ဖမ်းဆီးရမိတရားခံများ၏    ထွက်ဆို ချက်အရ    ဦးသိန်းအောင်အား   လုပ်ကြံ သတ်ဖြတ်သည့်နေ့တွင် ၎င်းသေနတ်များ အား အသုံးပြုရန်  တရားခံ  ဗညားစိုးထက် (ခ)လီယိုမှတစ်ပါတည်း ယူဆောင်ခဲ့ကာ HYUNDAI ACCENT     (အဖြူရောင်) ယာဉ်အားမောင်းနှင်ပြီး     စစ်ဇော်ကံ(ခ)ဟန်သာထွန်းနှင့်အတူ      သွားရောက်ခဲ့ ကြောင်း၊   ဖမ်းဆီးရန်ကျန်  တရားခံများ ဖြစ်သည့်  ဖိုးသားနှင့်  သားငယ်တို့သည် စက်ဘီးနှစ်စီးဖြင့်   လိုက်ပါလာခဲ့ကြောင်း၊ ကုန်းမြင့်သာလမ်းအရောက်တွင် စစ်ဇော် ကံ(ခ) ဟန်သာထွန်းသည်   ယာဉ်ပေါ်မှ ဆင်းပြီး သားငယ်ထံမှ စက်ဘီးအားယူ၍ စီးနင်းထွက်ခွာသွားခဲ့ပြီး     သားငယ်မှ ခြေကျင်သွားရောက်၍  တေးနုယဉ်လမ်း အရောက်၌    ဦးသိန်းအောင်နှင့် ဇနီး ဖြစ်သူတို့အား   ပစ္စတိုဖြင့်     ခုနစ်ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း   ဖော်ထုတ် သိရှိရသည်။

 

လုပ်ကြံသတ်ဖြတ်


အလားတူ     ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ(ခ)   ဟန်သာထွန်းနှင့်ဗညား စိုးထက် (ခ)လီယိုတို့၏ ထွက်ဆိုချက်အရ ဩဂုတ် ၅ ရက်တွင်  လှိုင်မြို့နယ်  (၁၆)ရပ်ကွက်     အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်   ဦးဆန်းလင်းနှင့်ဇနီး ဖြစ်သူတို့အား   သေနတ်ဖြင့်    ပစ်ခတ် သတ်ဖြတ်ရာတွင်  ကျန်းမာရေးအထောက် အကူပြုအဖွဲ့ ပုံစံ PPE ဝတ်စုံများဝတ်ဆင် ကာ အောင်လေးနှင့်အတူ ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း၊   ထိုသို့    လုပ်ကြံ သတ်ဖြတ်မှုအတွက် Jame(YUG အဖွဲ့) ထံမှ    ငွေကျပ် ၇ သိန်း   ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိတရားခံ  စစ်ဇော်ကံ(ခ)ဟန်သာထွန်းသည်   အောက်တိုဘာ ၂၁ ရက်တွင် ပြည်သူ့စွမ်းအားရွေ့လျားအဖွဲ့(People Power Movement-PPM) အဖွဲ့ ထံမှ    လက်လုပ်ချိန်ကိုက်ဗုံးနှစ်လုံးတွဲ သုံးလုံးရရှိခဲ့ပြီး အဆိုပါ   လက်လုပ်ချိန် ကိုက် ဗုံးများအား အောက်တိုဘာ ၂၂ ရက် တွင် (Rangoon Urban Revoultionary-RUR)    အဖွဲ့ဝင်တစ်ဦးထံ   ပေးအပ်ပြီး မရမ်းကုန်းမြို့နယ်   ပြည်လမ်းရှိ EPC ရုံးအနီးတွင်      ဖောက်ခွဲစေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


နောက်ကွယ်မှ ငွေကြေးထောက်ပံ့မှု


ဖမ်းဆီးရမိ    တရားခံများအနေဖြင့် ဦးသိန်းအောင်ကို ပစ်မှတ်ထား တိုက်ခိုက် ခြင်းမှာ    စစ်ဇော်ကံ(ခ)   ဟန်သာထွန်း ပါဝင်သော YRF အဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော  NUG သည် Jame (YUG အဖွဲ့)မှတစ်ဆင့်    နောက်ကွယ်မှ ငွေကြေးထောက်ပံ့မှုများ         ပြုလုပ်၍ နိုင်ငံအတွင်း     အစိုးရနှင့်ချိတ်ဆက်၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသော ပြည်ပ စီးပွားရေးလုပ်ငန်းများကို   ဆက်လက် လုပ်ကိုင်ခြင်းမရှိစေရန်   ရည်ရွယ်ချက်ဖြင့် စီးပွားရေးအဆောက်အဦများ၊   လုပ်ငန်း တာဝန်ခံများအား   လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ကြောင်းနှင့်    အစိုးရ၏   နိုင်ငံတော် တည်ငြိမ်ရေး၊     တရားဥပဒေစိုးမိုးရေး အား     ထိခိုက်ပျက်ပြားစေရန်       ငွေကြေး ထောက်ပံ့ကာ  အကြမ်းဖက်လုပ်ငန်းများ  ကျူးလွန်စေခဲ့ကြောင်း   ဖော်ထုတ်သိရှိရ သည်။

 


ဖမ်းဆီးရမိတရားခံများ  ပါဝင်ဖွဲ့စည်း ထားသော   YRF အဖွဲ့အား   Jame (YUG အဖွဲ့)မှ    အဓိက   စေခိုင်းနေခြင်းဖြစ်ပြီး လက်အောက်တွင် အကြမ်းဖက်အဖွဲ့ ၁၂ ဖွဲ့ ရှိကြောင်း၊   Jame (YUG အဖွဲ့) သည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော  NUG/CRPH  တို့နှင့်  ချိတ်ဆက်၍    ငွေကြေး/လက်နက်အထောက်အပံ့များ    ရယူကာ အကြမ်းဖက်မှုများကို     စေခိုင်းလျက်ရှိ ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ထိရောက်စွာ  အရေးယူ


အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ  အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု  ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့်   ဆက်စပ်တရားခံ များကို အမြန်ဆုံး  ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊    လှုပ်ရှားသွား လာ    နေထိုင်မှု    သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊    သတင်းပေး သူနှင့် ဖမ်းဆီးပေးသူများအား ဆုငွေများ ထိုက်တန်စွာ   လျှို့ဝှက်ချီးမြှင့်ပေးမည်ဖြစ် ကြောင်းနှင့်      မြို့ရွာများ        အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူ တစ်ရပ်လုံး     ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန်  မေတ္တာရပ်ခံအပ်ပါ ကြောင်း   အသိပေးသတင်းထုတ်ပြန်အပ် ပါသည်။                         

 သတင်းစဉ်