နာဂါဆာကီ၌ ပေါက်ကွဲခဲ့သည့်အဏုမြူဗုံးသာ နောက်ဆုံးဖြစ်သင့်ကြောင်း ဝန်ကြီးချုပ်ကီရှီဒါသတိပေး

 

တိုကျို    ဩဂုတ်   ၉
နာဂါဆာကီမြို့သည်သာ    ကမ္ဘာပေါ်တွင် အဏုမြူဗုံးဒဏ်ခံရသည့်   နောက်ဆုံးနေရာ ဖြစ်စေလိုကြောင်း မြို့တော်တိုကျို၌  ကျင်းပ သည့် အောက်မေ့ဖွယ်အခမ်းအနားတွင် ဂျပန် ဝန်ကြီးချုပ်   ဖူမီယို ကီရှီဒါက    ကမ္ဘာ့လူမှု အသိုက်အဝန်းကို    တောင်းဆိုလိုက်သည်။ ဩဂုတ် ၉ ရက်သည်  ဟီရိုရှီးမားကို အဏုမြူ ဗုံးကြဲချခံရပြီးနောက်  သုံးရက်အကြာ  နာဂါ ဆာကီမြို့ကို   အဏုမြူဗုံးဖြင့်   ဖျက်ဆီးခံခဲ့ ရသည့် (၇၉) နှစ်မြောက်  အောက်မေ့ဖွယ်နေ့ ဖြစ်သည်။
ထိုမြို့နှစ်မြို့၌  ကြုံတွေ့ခဲ့ရသည့်  အဖြစ် ဆိုးမျိုး  နောက်ထပ်ဘယ်သောအခါမျှ မဖြစ် သင့်တော့ကြောင်း   ဝန်ကြီးချုပ်   ကီရှီဒါက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
စစ်အတွင်း   အဏုမြူဗုံးဒဏ်ခံခဲ့ရသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့်  ဂျပန်နိုင်ငံ အနေဖြင့်    အဏုမြူလက်နက်ကင်းမဲ့သည့် ကမ္ဘာကြီး    ပေါ်ပေါက်လာရေးကို     တစိုက် မတ်မတ်ဖြင့်    လက်တွေ့ကျကျ    ကြိုးပမ်း အားထုတ်လျက်ရှိကြောင်း၊ အဏုမြူလက်နက် လျှော့ချရေး မည်သို့ပင် လုပ်ဆောင်ငြားသော် လည်း ကမ္ဘာ့အသိုက်အဝန်းများအကြားတွင် ဖြစ်ပေါ်နေသည့်   သဘောထားကွဲလွဲမှုများ၊ လုံခြုံရေးဆိုင်ရာ   ပတ်ဝန်းကျင်အခြေအနေ များကြောင့်  အဏုမြူလက်နက်ခြိမ်းခြောက်မှု အန္တရာယ်များ    ပေါ်ပေါက်နေသည့်အတွက် ကမ္ဘာ့လူ့အသိုက်အဝန်းကြားတွင် နာဂါဆာကီ မြို့သည်သာ   အဏုမြူဗုံးဒဏ်သင့်ခဲ့ရသည့် နောက်ဆုံးနေရာတစ်ခု    ဖြစ်စေလိုကြောင်း  ဝန်ကြီးချုပ် ကီရှီဒါက အလေးအနက် ပန်ကြား လိုက်သည်။
ဂျပန်နိုင်ငံအနေဖြင့်     နျူကလီးယား လက်နက်  မပြန့်ပွားရေးဆိုင်ရာ   သဘောတူ စာချုပ်အပေါ်   ပြန်လည်သုံးသပ်ခြင်းညီလာခံ ၂၀၂၆ တွင်  အဓိပ္ပာယ်ပြည့်ဝသောရလဒ်များရရှိရန်    ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် သည့်အပြင် နိုင်ငံများအကြား နျူကလီးယားလက်နက်မပြန့်ပွားရေးအတွက် ခိုင်မာသော အစီအမံများကို   ရှာဖွေနိုင်ရန်    ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း        ၎င်းက ထပ်လောင်း ပြောကြားသည်။ အင်န်အိတ်ချ်ကေ