
နေပြည်တော် ဩဂုတ် ၁၅
ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ၏ အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ် ရှိ ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအောင်၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမ များ၊ သင်တန်းနည်းပြနှင့် သင်တန်း သား သင်တန်းသူများ၊ ကျောင်း သား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ အမှတ်စဉ်(၂) ရှေးဦး ပြုစုခြင်း(အခြေခံ) သင်တန်းသား များက “ကမ္ဘာက သိပြီ ဒို့ကြက်ခြေနီ” သီချင်းဖြင့် အခမ်း အနားကို သီဆိုဖွင့်လှစ်ပေးကြပြီး Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအောင်က သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက အမှာစကား ပြောကြားကာ သင်တန်းသားများ က စုပေါင်း၍ ရှေးဦးပြုစုနည်း သရုပ်ပြသကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးကျော်ကျော်အောင်က သင်တန်း သားများထံ သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း၊ ကြက်ခြေနီ ဗဟိုကောင်စီဝင် ဒေါ်မေကျော်၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဖြူဖြူမြင့်၊ နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအောင်တို့က ထူးချွန်ဆုရရှိသူများထံ ထူးချွန်ဆု များကိုလည်းကောင်း၊ Naypyitaw State Academy ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌက သင်တန်း နည်းပြဆရာ ဆရာမများထံ ဂုဏ်ပြုလက်ဆောင်များကိုလည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမှတ်စဉ်(၂) ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း သားများက “အများအတွက် ကြက်ခြေနီ” သီချင်းကို သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်