
တိုကျို ဇန်နဝါရီ ၅
ဂျပန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံ တို့သည် နှစ်နိုင်ငံကာကွယ်ရေး နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရန် သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးတော့ မည်ဖြစ်သည်။
သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ၎င်းနှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးဖူမီယို တို့သည် အပြန်အလှန် သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ သဘောတူစာချုပ် သည် လက်နက်ခဲယမ်း မီးကျောက် များကို ကိုင်တွယ်ဖြေရှင်းရန် အတွက် သဘောတူညီမှု မူဘောင် တစ်ခု ဖြစ်လာလိမ့်မည်ဖြစ် ကြောင်းနှင့် မမျှော်လင့်သော ဖြစ်ရပ်များနှင့် မတော်တဆ ကိစ္စရပ်များကို တုံ့ပြန်နိုင်ရန် အတွက် သဘောတူညီမှုမူဘောင် တစ်ခုလည်းဖြစ်လာမည်ဖြစ်သည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များနှင့် သြစတြေးလျ တပ်ဖွဲ့များ အတူတကွ ပူးတွဲ စစ်ရေးလေ့ကျင့်ခြင်းနှင့် တခြား ဆောင်ရွက်ချက်များ စတင်ပြုလုပ် သည်နှင့် အဆိုပါသဘောတူညီ ချက်သည် သက်ရောက်မည် ဖြစ်သည်။
ဂျပန်နှင့် အဆိုပါသဘောတူညီ မှုမျိုး လက်မှတ်ရေးထိုးသည့် ပထမ ဆုံးနိုင်ငံမှာ သြစတြေးလျနိုင်ငံဖြစ် သည်။ အင်ဒိုပစိဖိတ်ဒေသ လုံခြုံ တည်ငြိမ်ရန်နှင့် မိမိတို့ရင်ဆိုင်နေ ရသော လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုများကို အတူတကွမျှဝေရန် အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံ၏ ကတိကဝတ်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း မော်ရစ်ဆင် ကပြောသည်။
အင်န်အိတ်ချ်ကေ