
နေပြည်တော် ဇူလိုင် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်ကို TNLA အကြမ်း ဖက်သမားများမှ ဇူလိုင် ၄ ရက် က လာရောက်တိုက်ခိုက်စဉ် တပ်မတော်မှ အဆိပ်ငွေ့ဗုံး သုံးလုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် TNLA အကြမ်းဖက်အဖွဲ့ဝင် ရှစ်ဦး အဆိပ် ငွေ့သင့်ပြီး ဆေးကုသမှုခံယူရ ကြောင်း သတင်းတု၊ သတင်း အမှားများကိုတရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော် အနေဖြင့် အဆိပ်ငွေ့ဗုံးများ အသုံး ပြုတိုက်ခိုက်ခြင်း မရှိခဲ့ကြောင်း သိရှိရပြီး တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင်မှ လက်နက်ကြီးများ၏ ထိရောက်သော ပစ်ကူပေးတိုက်ခိုက်မှုများကြောင့် အကြမ်းဖက် သမားများ ထိခိုက်သေဆုံးမှုများ ခဲ့သည့် ယခင်တိုက်ပွဲများတွင် လည်း တပ်မတော်မှ အဆိပ်ငွေ့ဗုံး များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများ က သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေခဲ့သည်ကို ပြည်သူ များအနေဖြင့်လည်း သိရှိပြီးဖြစ် သည်။
ယခု တိုက်ခိုက်မှုတွင်လည်း TNLA အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှု များပြားခဲ့သည့် အတွက် တပ်မတော်မှ အဆိပ်ငွေ့ ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့သည် ဟု တရားမဝင်ပြည်ဖျက်မီဒီယာ များမှတစ်ဆင့် သတင်းတု၊ သတင်း အမှားများ လုပ်ကြံရေးသား ပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်