
နေပြည်တော် မတ် ၁၀
နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၉ ရက် နံနက် ၉ နာရီတွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် နယ်မြေ(၇) သပြေရေကျေးရွာ ကျောင်းလမ်း မှ နောင်ချိုမြို့တွင်းဘက်သို့ ကျော်ကျော်နိုင် (၄၅) နှစ်နှင့် ထိန်လင်းစိုး(ခ) ဗေဒါး (၃၀)နှစ်တို့ ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုး ရှိ ဘိန်းဖြူပါဆပ်ပြာခွက် ၁၃၁၆ ခွက်၊ အလေးချိန် ၁၃ ဒသမ ၁၆ ကီလိုကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ မောင်ဌေး (၅၀ နှစ်) ကို သပြေရေကျေးရွာတွင် ဆိုင်ကယ်ဖြင့် လည်းကောင်း၊ နံနက် ၁၀ နာရီ တွင် နောင်ချိုမြို့ အထွက် မန္တလေး-လားရှိုး ကားလမ်း ကျောက်ကြမ်းကျေးရွာ အနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် အောင်ကိုကိုပိုင် (ခ)အောင်ကို (၃၂)နှစ်၊ ရန်နိုင်ဦး (၃၄)နှစ်နှင့် သက်နိုင်ဦး(၃၃)နှစ်တို့ သုံးဦးကို AD Van ယာဉ်နှင့် လည်း ကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် များအရ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ် မြောက်ပိုင်းမှ မန္တလေးတိုင်းဒေသ ကြီးသို့ သယ်ဆောင်ခြင်း ဖြစ် ကြောင်း သိရသဖြင့် ၎င်းတို့ ခြောက်ဦးအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်