
အော်စလို အောက်တိုဘာ ၅
နော်ဝေနိုင်ငံသည် နိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးမှုကို မကြာမီကာလ အတွင်း စတင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း နော်ဝေနိုင်ငံကျန်းမာရေးဝန်ကြီး ဘန့်ဟိုအီးက ယနေ့တွင် ပြောကြားသည်။
အပိုဆောင်းထိုးနှံပေးမည်
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အပိုဆောင်းထိုးနှံပေးမှုကို အောက်တိုဘာလနောက်ပိုင်း သို့မဟုတ် နိုဝင်ဘာလအစောပိုင်းကာလတွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးနောက် ခြောက်လကြာ မြင့်သည့် အသက် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူများကိုသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။
နော်ဝေနိုင်ငံ၌ အသက် ၁၈ နှစ် အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်းနှင့် အရွယ်ရောက်ပြီးသူ အားလုံး၏ ၈၅ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်
n