နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းနေသော်လည်း ကိုဗစ်-၁၉ တတိယအကျော့ရဲ့ ခြိမ်းခြောက်မှု ကြီးစိုးလျက်ရှိနေသေးတဲ့ အိန္ဒိယ

 

လင်းဟန်သစ်

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ အကျဘက်ကို ပြနေတဲ့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ အိန္ဒိယရဲ့ကြိုးပမ်းမှုဟာ အရာထင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ သို့သော်လည်း ကိုဗစ်-၁၉ တတိယအကျော့ရဲ့ ခြိမ်းခြောက်မှုကတော့ အခုချိန်ထိ တဝဲလည်လည်နဲ့ မလွတ်မြောက်နိုင်သေးပါဘူး။ 

 


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်း 


အိန္ဒိယနိုင်ငံအနေနဲ့   ကိုဗစ်-၁၉  ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို   လိုက်နာလုပ်ဆောင်သလို  နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ကို  အုံနဲ့ကျင်းနဲ့ ဆက်လက် လုပ်ဆောင်နေတဲ့အတွက်    လတ်တလော    ကိုဗစ်-၁၉    ကူးစက် ဖြစ်ပွားမှုကျဆင်းလာတာဖြစ်တယ်လို့   အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေက ယူဆထားကြပါတယ်။ 

 


အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာတဲ့နှုန်းဟာ မကြာသေးမီက ၉၈ ဒသမ ၁၉ ရာခိုင်နှုန်းအထိ တိုးလာ ခဲ့ပါတယ်။ 
လက်ရှိမှာတော့ ကိုဗစ်-၁၉   လူနာပေါင်း  ၃၃၅၈၃၃၁၈   ဦးကို  ကုသပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 


တတိယအကျော့ကူးစက်ဖြစ်ပွားနိုင်တဲ့ အရိပ်အငွေ့တွေ သန်းလျက်ရှိ 


လွန်ခဲ့တဲ့ ၃၂ ရက်အတွင်း  အပတ်စဉ်   ကိုဗစ်-၁၉  ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူအရေအတွက်ဟာ ၂ ရာခိုင်နှုန်း (၁ ဒသမ ၂၄ ရာခိုင် နှုန်း) အောက် လျော့နည်းခဲ့ပါတယ်။ ထို့အတူ လွန်ခဲ့တဲ့ ၂၂ ရက်အတွင်း နေ့စဉ် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူ  အရေအတွက်ဟာ ၂   ရာခိုင်နှုန်း (၁ ဒသမ ၁၀ ရာခိုင်နှုန်း)  အောက်လျော့နည်းကျဆင်းခဲ့ တယ်လို့ တရားဝင်စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာသော်လည်း ကိုဗစ်-၁၉ တတိယအကျော့ကူးစက်ဖြစ်ပွားနိုင်တဲ့  အရိပ်အငွေ့တွေ  သန်းလျက်ရှိ ပါတယ်။ 

 


အစွမ်းကုန်ကြိုးစားရုန်းကန်ခဲ့ရ 


အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉   ဒုတိယအကျော့ဖြစ်ပွားနေချိန်မှာ  နိုင်ငံအတွင်းမှာရှိတဲ့ ဆေးရုံတွေမှာလူနာတွေ  ပြည့်လျှံကျော်လွန်နေ တာကို     တွေ့မြင်ခဲ့ရပါတယ်။    ကျန်းမာရေးအာဏာပိုင်တွေဟာ အောက်ဆီဂျင်ရရှိရေးနဲ့ အသက်ကယ်ဆေးဝါးတွေရရှိရေး အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ရပါတယ်။
ဆေးရုံတက်ရောက်ကုသမှုခံယူဖို့အရေး ဆေးရုံတွေရဲ့ အပြင်ဘက် မှာ  လူပင်လယ်တန်းကြီးတွေနဲ့  စောင့်ဆိုင်းနေရသလို ကိုဗစ်-၁၉ လူနာတွေလည်း   သေမင်းနဲ့စစ်ခင်းနေရကာ    နောက်ဆုံးထွက်သက်ကို မနည်းရှူရှိုက်နေရတဲ့ အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အလောင်း တွေကို အိတ်တွေစွပ်ပြီးမီးရှို့ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရသလို ရေပေါ် မှာ ပေါလောပေါ်နေတဲ့ အလောင်းတွေက အကျည်းတန်ရုပ်ဆိုးမှုတွေ ဖြစ်ခဲ့ရပါတယ်။

 


သမိုင်းမှတ်တိုင်စိုက်ထူခဲ့ 


လွန်ခဲ့တဲ့သီတင်းပတ်က အိန္ဒိယဟာ သူ့ရဲ့ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ဘီလီယံထိုးပေးခဲ့ပြီး သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါ တယ်။ 
ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးအစီအစဉ်ကို အိန္ဒိယနိုင်ငံမှာ ဒီနှစ် ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့ပါတယ်။ သို့သော်လည်း ယခုအချိန်အထိ နိုင်ငံတွင်းမှာရှိတဲ့ အရွက်ရောက်လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းကျော်ပဲ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံမှု ခံယူရပါသေးတယ်။
Our World in Data ကဲ့သို့ လွတ်လပ်တဲ့သတင်းအရင်းအမြစ်တွေက  ရရှိခဲ့တဲ့ အချက်အလက်တွေအရ လူဦးရေ ၃၀၄ သန်းကျော်ပဲ ကိုဗစ်-၁၉ ကာကွယ်ဆေး    အပြည့်အဝထိုးရသေးတယ်လို့  သိရပြီး ဒါဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၂၂ ဒသမ ၁ ရာခိုင်နှုန်းကျော်ပဲ ရှိပါသေး တယ်။ 

 


လူဦးရေရဲ့ ၃၆ ရာခိုင်နှုန်းပဲ ထိုးပေးနိုင်ဦးမယ်


ဒီနှစ်ကုန်မှာ အိန္ဒိယအစိုးရဟာ အသက် ၁၈ နှစ်နှင့်အထက် သူ့ရဲ့ ပြည်သူတစ်ရပ်လုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်း ထားပါတယ်။ 
သို့သော်လည်း  ဒီနှစ်ကုန်မှာ  အိန္ဒိယလူဦးရေရဲ့  ၃၆ ရာခိုင်နှုန်းပဲ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပြီးဖြစ်မယ်လို့ ကျွမ်းကျင်သူ တွေက ပြောထားပါတယ်။ 

 

ကိုဗစ်-၁၉ အဆုံးမသတ်သေး 


ကျန်းမာရေးကျွမ်းကျင်သူတွေက ပြည်သူတွေကို ပွဲတော်ရာသီမှာ လူထုစုဝေးခြင်းတွေမလုပ်ဘဲ   ရှောင်ရှားဖို့   သတိပေးထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာတာက ကိုဗစ်-၁၉ ကပ် ရောဂါ အဆုံးသတ်သွားတာ   မဟုတ်ဘူးဆိုတဲ့အချက်ကို ကျွမ်းကျင်သူ တွေက လက်ခံထားပါတယ်။ 
အရွယ်ရောက်သူတွေကို    ကာကွယ်ဆေး လွှမ်းခြုံထိုးပေးထား တဲ့အတွက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ အတန်ငယ်လျှော့ချနိုင် လာပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးမထိုးရသေးတဲ့   ကလေးတွေက တော့ အဓိက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်လာ နိုင်တယ်လို့  ကျန်းမာရေးကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားပါ တယ်။

 


စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ် 


ကိုဗစ်-၁၉  ကျွမ်းကျင်မှုရေးရာ ကော်မတီက ဘာရတ်ဘိုင်အိုတက် ရဲ့ ကိုဗစ်-၁၉  ဆေးဖြစ်တဲ့ ကိုဗက်ဆင်းကို  အသက်  ၂ နှစ်မှ ၁၈ နှစ် ကြား အသက်အရွယ်အုပ်စုကို ထိုးပေးဖို့ အကြံပြုချက်ကို အိန္ဒိယက ပယ်ချခဲ့ပါတယ်။   ထို့အတူ   အိန္ဒိယနိုင်ငံရဲ့   ဆေးဝါးထိန်းချုပ် ကွပ်ကဲရေးအဖွဲ့ကလည်း  နောက်ဆုံးထောက်ခံချက်လည်း မပေးသေး ပါဘူး။ 

 


ဒီပုံအတိုင်းဆိုရင်တော့  အိန္ဒိယနိုင်ငံမှာ  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုတွေ တစ်ကျော့ပြန်ဖြစ်ပွားနိုင်တဲ့ အရိပ်အခြည်တွေတွေ့နေရပြီး ကိုဗစ်-၁၉ တတိယအကျော့ရဲ့ ခြိမ်းခြောက်မှုကိုလည်း စိုးတထိတ်ထိတ် နဲ့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။      ။          

ကိုးကား - ဆင်ဟွာ