နေမြဲ

Type

ဆရာမဲဇာ

=====

အာဟာရ     အကြောင်းပြောလျှင် အစာ    အုပ်စုကြီးများအကြောင်းကို ချဲ့ထွင်ပြောလေ့ရှိကြပါသည်။   ယခု အခါတွင်  ကလေးများပင် ကစားရင်း ပညာယူနေကြသော    “ပျော်ရွှင် လေ့လာ၊ ကလေးတို့ကမ္ဘာ”အမည်ရှိ မြန်မာ့ရုပ်သံအစီအစဉ်တွင်    ပါဝင် ကြည့်ရှုနိုင်ကြပေပြီ။  အစာအုပ်စုကြီး များနှင့် ပတ်သက်၍ ကလေးအရွယ်က အစ  ဗဟုသုတရလာကြပြီ။  မိဘများ ကလည်း   ပါဝင်ပတ်သက်လာရုံမက ရုပ်/သံကြည့်   ပရိသတ်များကလည်း စိတ်ဝင်စားစွာ      လေ့လာနိုင်ကြ
ပေသည်။
ပို၍        ပြည့်စုံရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ   ပညာရှင် များ၏  ၁၉၉၄ ခုနှစ်က  အဓိပ္ပာယ် ဖွင့်ဆိုချက်များကို တင်ပြလိုပါသည်။
အာဟာရဆိုသည်မှာ
အာဟာရကို နေ့စဉ် စားသောက် သော အစာမှရရှိ၏။ ထို့ကြောင့် အများ အားဖြင့် အစာအာဟာရဟူ၍ ပေါင်းစပ် ခေါ်ဝေါ်နေကြပါသည်။    အစာထဲမှ ဓာတုပစ္စည်းများသည်    အာဟာရ ဓာတ်များဖြစ်ကြ၏။ အစာအမျိုးအစား ပေါင်း များစွာရှိသော်လည်း အာဟာရ ဓာတ်မှာ  အုပ်စုခွဲကြည့်လျှင် အနည်း ငယ်သာရှိပေသည်။ 
မျှတသော အစားအစာ
အစားအစာ  အမျိုးအစားပေါင်း များစွာရှိသည့်အနက်  အချို့အစာတွင် အာဟာရဓာတ် အနည်းငယ်သာ ပါဝင် သည်။ အချို့အစာတွင် အာဟာရဓာတ် တစ်မျိုးတည်း ပမာဏများစွာ ပါဝင်၏။ အချို့အစာ၌မူ  အာဟာရဓာတ်မျိုးစုံ ပါဝင်ကြပေသည်။
ကျွန်ုပ်တို့  နေ့စဉ်စားသောက် နေကြသော  အစားအစာများသည် မျှတသော အစားအစာဖြစ်ရန်  လိုအပ် ၏။  မျှတသော အစားအစာဆိုသည်မှာ လူတို့၏  ခန္ဓာကိုယ်အတွက်  လိုအပ် သော အာဟာရဓာတ်များ အမျိုးအစား စုံလင်စွာ  မျှမျှတတပါဝင်သော အစား အစာများပင်ဖြစ်၏။  ခန္ဓာကိုယ်အတွက် စွမ်းအင်များ ရရှိစေသော    ကစီဓာတ်၊  အဆီဓာတ်၊     ခန္ဓာကိုယ်ကြီးထွားစေ သော  ပရိုတင်းဓာတ်၊ ရောဂါကာကွယ် ရေးနှင့်  ခန္ဓာကိုယ်   ဇီဝကမ္မပါဝင်ရန် လိုအပ်သည်။
မျှတသော အစားအစာအကြောင်း
ဗဟုသုတတွေ ရသွားရုံနှင့် လူတို့ ကျန်းမာနိုင်ပြီလားဟူသော  အမေးကို ပညာရှင်များက     ၁၉၉၄  ခုနှစ်က ဤသို့မှတ်ချက်ပေး၏။
“ကျွန်ုပ်တို့နိုင်ငံသည် ရာသီဥတု မျှတ၍   စိုက်ပျိုးရေး၊  မွေးမြူရေး ကောင်းမွန်စွာ     ဖြစ်ထွန်းသည့် အလျောက် အစာရေစာ ပေါများသော နိုင်ငံပင်ဖြစ်၏။   ယင်းသို့  အာဟာရ ဓာတ်ပြည့်ဝသော   အစားအစာများ ပေါများပါလျက် စနစ်တကျ  မစားတတ် သောကြောင့်  လူအချို့မှာ တစ်နည်း နည်းဖြင့်    အာဟာရဓာတ်ချို့တဲ့ နေကြရသည်” ဟူ၏။  
၁၉၉၄ ခုနှစ်တွင်  စနစ်တကျ မစား တတ်သော  မြန်မာတို့သည်  ယခု ၂၀၂၁ ခုနှစ်တွင် စနစ်တကျ စားတတ်သွားပြီလား ဟူသော  မေးခွန်းကို  ထပ်မံဖြေဆိုရန် လိုလာပါသည်။   အထူးသဖြင့်  ၁၉၉၄ ခုနှစ်က လေ့လာသုံးသပ်ချက်များကို မှီ၍ နှစ်ပေါင်းသုံးဆယ်နီးပါး    အသိပညာ ပေးခဲ့သော  ရလဒ်များ (Health Outcome) နှင့်     ကျန်းမာရေးဆိုင်ရာ ထိရောက်မှု (Health Impact)   များကို လေ့လာသုတေသနပြုခြင်း၊ နှိုင်းယှဉ်၍ သင်ခန်းစာယူခြင်း၊ ပြုပြင်ပြောင်းလဲ၍ သော်လည်းကောင်း၊     တိုးချဲ့၍သော် လည်းကောင်း     ဆောင်ရွက်ခြင်းများ ပြုခဲ့ကြပါသလားဟူ၍      လက်တွေ့ လုပ်ငန်းဆိုင်ရာ   အမေးပုစ္ဆာများလည်း ပေါ်ပေါက်လာပါသည်။
ပညာရပ်ပိုင်းဆိုင်ရာအရ    သုံးသပ် ကြည့်လျှင်      အသိပညာဗဟုသုတ (Knowledge) တွေလည်း   ဖြန့်ဝေပြီး ဖြစ်၏။ “အာဟာရပြည့်ဝ၍ ကျန်းမာ ကြံ့ခိုင်သော နိုင်ငံသားများ ဖြစ်လာစေရန် မူဝါဒ”   လည်းရှိ၏။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ထုတ်လုပ် ရောင်းချရေးဆိုင်ရာ    ဥပဒေလည်းရှိ၏။ ထိုအရာအားလုံးသည်  စာရွက်ပေါ်မှာ အထောက်အထား ခိုင်လုံစွာရှိနေ၏။ 
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က မြန်မာနိုင်ငံတွင်  အများဆုံးတွေ့ရသော အာဟာရဆိုင်ရာရောဂါများမှာ -
- ပရိုတင်း(အသားဓာတ်) အင်အား
     ချို့တဲ့ရောဂါ၊ 
- အာဟာရချို့တဲ့   သွေးအားနည်း
     ရောဂါ၊ 
- အိုင်အိုဒင်းချို့တဲ့ရောဂါများ၊ 
- ဗီတာမင်အေ    ချို့တဲ့ရောဂါများ
     ဖြစ်ကြောင်း သုံးသပ်ထား၏။
ဆက်လက်၍လည်း အစားအစာနှင့် ပတ်သက်နေသော ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံး/  နှလုံးသွေးကြောကျဉ်း ရောဂါ၊  အဝလွန်ခြင်းနှင့် အဆစ်ရောင် ရောဂါများအကြောင်းကို    ဆက်စပ် တင်ပြထားကြပါသည်။     ထိုစဉ်က နိုင်ငံသားများ  သေဆုံးရခြင်းအကြောင်း ခံများတွင်   ကူးစက်တတ်သော  ရောဂါ များက အများစုဖြစ်ပြီး  ယခုအခါ  မကူးစက် တတ်သောရောဂါများဖြစ်သည့်  ဆီးချို၊ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ အသည်းရောဂါ အမျိုးမျိုးတို့မှာ အဝလွန်ရောဂါနောက်မှ လိုက်၍ ကျော်တက်နေကြပြီဖြစ်ပါသည်။
ရှေးယခင်ကမူ   “ဝ မှ လှသည်” ထင်ကြပါ၏။  တိုင်းသူပြည်သားတွေ အစာဝဝစားရအောင်    နိုင်ငံရေးအရ စည်းရုံးခဲ့ကြပါ၏။  လူမှုရေးအရလည်း တွန်းအားပေးခဲ့ကြပါ၏။   တစ်ချိန်ကမူ “ပိန်မှလှသည်” ဟူ၍   စူပါမော်ဒယ် ပိန်ပိန်ကလေးများသည် စင်ပေါ်ရောက် လာ၏။ ပိန်ချင်သူများအတွက် အာဟာရ အကြံပေးပညာရှင်များ၊      ကီတိုအစာ 
(Keto Dict)ကအစ    တီထွင်ရောင်းချ လာကြသူများက    နေရာရလာ၏။  
တွင်ကျယ်လာ၏။    မော်ဒယ်ဖြစ်ချင် သူတွေသာ    မဟုတ်   အဝလွန်သော ကလေးများအတွက်ပါ     ပိန်အောင် လုပ်ပေးမည့် ပညာရှင်များပေါ်လာ၏။ 
မြန်မာပြည်မှာ    ဆယ်ပေါင်လူဝ အားတိုးဆေးများ၏  အသံတိမ်သွား သော်လည်း   အဝလွန်သော   လူကြီး လူငယ်များ ပြည်လုံးအနှံ့ပြန့်၍ နေပါပြီ။ စားနိုင်သောက်နိုင်၍  ဝဖြိုးနေကြသလား။ မစားတတ်  မသောက်တတ်၍  အဝလွန် နေကြသလားဟု   သုတေသနပြုကြရန် လိုတော့၏။ 
အခက်အခဲ အနည်းငယ်ရှိ
“ဝလို့  လှလို့ပါလား”    ဟူသော ပဋိသန္ဓာရ စကားမှာ   လူမှုရေးစံတစ်ခုလို ထင်ဟပ်ခဲ့ပါသည်။       အမှန်တော့ တစ်ယောက်အပေါ်      တစ်ယောက် ဂရုစိုက်သည့်သဘောဖြင့်     “ပိန်သွား တယ်”၊ “ဝလာတယ်”  စသည်ဖြင့် ပေးကြသော   မှတ်ချက်များမှာ  အလေး အနက်ထားတတ်သူတွေအတွက် အခက် အခဲ အနည်းငယ်ရှိပါသည်။
“စားလို့ကောင်း၊ သောက်လို့ကောင်း၊ တစ်ဖျောင်းဖျောင်းပဲ”ဟူ၍ တုံ့ပြန်သူများ ကို ကြည့်လျှင်လည်း ကြိုက်သည့်အစာကို အားရပါးရစားခွင့်ရနေသည်ကို   ကျေနပ် နေသည့် သဘောဆောင်၏။ မျှတအောင် စားမည့်အစား ကြိုက်ရာကို ဝအောင်စားဖို့ တွန်းအားတွေရှိနေပါသည်။    ဖွံ့ဖြိုးမှု အနည်းဆုံး  နိုင်ငံတစ်နိုင်ငံ (LDC)သည် စားချင်တာနှင့်   စားရတာ  ကွဲလွဲမှုများ လှသဖြင့်  အခွင့်အရေးသာရလျှင် သတိ မထားဘဲ စားမိတတ်ကြပါ၏။ 
မြန်မာတွေ ဘယ်လို  အစားအစာ ကြိုက်တတ်ပါသနည်း။
အချို၊ အငန်၊ အဆီများများပါသော အစားအစာများကို ကြိုက်တတ်ပါသည်။ 
အားလုံးကြိုက်ကြသည်မှာ  အချိုပင် ဖြစ်ပါသည်။       အချိုရည်အမျိုးမျိုး ဈေးကွက်ထဲမှာ   တွင်ကျယ်နေသည်ကို တွေ့နိုင်ပါသည်။  သို့ဖြစ်၍ ကြော်ငြာ များတွင်   အချိုရည်ကြော်ငြာများမှာ လက်ညှိုးထိုးမလွဲ၊ ရုပ်/သံတွင် ရှောင်မလွဲ ဖြစ်နေပါသည်။    ကြိုက်၍သော်လည်း အမောပြေသော်လည်း    အားရှိအောင် သောက်သည်။
အမှန်တော့  အချိုရည်သောက်၍ အားရှိသွားကြောင်း    ကမ္ဘာပေါ်တွင် အထောက်အထားမရှိပါ။  ထိုအချိုရည် ထဲတွင် ဘယ်လိုဆေးဝါးဓာတ်ပစ္စည်းတွေ ရောစပ်ထား၍ မစားဘဲ ၊ မအိပ်ဘဲ အလုပ် လုပ်နိုင်သည်ဆိုသည့်အချက်ကို   အခွင့် အရေးအဖြစ် အသုံးချနေသော လုပ်ငန်း များထဲတွင်    လူကုန်ကူးလုပ်ငန်းများ လည်းပါ၏။     မူးယစ်ဆေးကုန်ကူးလုပ် ငန်းများလည်းပါ၏။  ဒုစရိုက်လုပ်ငန်း များလည်းပါလေသည်။    မည်သို့ပင် ဖြစ်စေ တစ်တိုင်းပြည်လုံးမှာ   အချိုရည် အမျိုးမျိုး လွှမ်း၍နေ၏။ 
၂၀၁၇ ခုနှစ်က     ပြုလုပ်သော လူထုကျန်းမာရေးဆိုင်ရာ   မဟာမဲ ခေါင်ဒေသတွင်း နိုင်ငံကိုယ်စားလှယ် များ၏ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ ပါမောက္ခက သူတို့နိုင်ငံတွင် မူလတန်း ကလေးများကို အဓိကထား၍ အချိုရည် သောက်သုံးမှု ရှောင်ရှားရေး ပညာပေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ပြောခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ကလေး များ  အဝလွန်လျက်ရှိ၏။ အချိုအလွန် ကြိုက်သော  လူမျိုးများမှာ  စီးပွား ကောင်း၍    အသားကောင်းကောင်း များများစားရသောအခါ  အဝလွန်၍ ရောဂါစုံလာ၏။    ဘေးနားကကပ်၍ အရိုးအရင်း  အကြွင်းအကျန်စားနေ သော  ခွေးများပင်  အဝလွန်နေကြသည် ကို  တွေ့နေရ၏။ 
အဟန့်အတားမရှိဖြစ်နေ
မြန်မာတို့၏    ကလေးများမှာမူ အကြောင်းအမျိုးမျိုးကြောင့် မျှတသော အာဟာရများကို    စားသုံးခွင့်မကြုံ သော်လည်း    ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသော     အစာတု၊ အစာယောင်၊ ဆေးဆိုးအစာ၊ အချိုရည် များကို ကျေးရွာအရောက် ခရီးပေါက် အောင် ရောင်းချနေသူများကို ဟန့်တား မည့်သူမရှိ။      လူထုကျန်းမာရေးကို ထိခိုက်စေသည့် အလုပ်များကိုသိလျက် ဖြစ်စေ ၊ မသိဘဲနှင့်ဖြစ်စေ လုပ်ကြသော အရာများတွင်  ဈေးကွက်ထဲမှ အစား အစာများသည်   အဟန့်အတားမရှိ ဖြစ်နေ၏။  တောရွာအထိ တွင်ကျယ်စွာ ရောင်းဝယ်နေကြသူများ    အသိတရား ဖြင့်  သားသမီးချင်း  စာနာတတ်လျှင် ကောင်းလေစွဟု ယူဆမိပါ၏။ 
“အစာအုပ်စုကြီးတွေအကြောင်း မသိချင်ပါ။  မျှတသော  အစာစားဖို့ အလုပ်ရှုပ်မခံနိုင်ပါ။  အားရှိဖို့လိုသည်။ တစ်ပွဲတိုး အားရှိလျှင်တော်ပြီ။ ဘာစား ရမှာလဲ။ အားရှိဖို့ သေချာလျှင် အားရ ပါးရ   စားပစ်လိုက်မည်”   ဤကား အရှေ့တိုင်းသားများစွာတို့၏ အိပ်မက်။   အားလုံး အားရှိချင်ကြ၏။ အားတိုးဆေး ရှာနေကြ၏။ 
ထိုအထဲတွင်       မီးလောင်ရာ လေပင့်သော    အတွေးအခေါ်တစ်ခု ဝင်လာ၏။ 
“အစာလည်းဆေး၊ ဆေးလည်း အစာ”ဟု ဆိုလာသောအခါ ဆေးရှာနေ သောသူများ     အကြိုက်တွေ့၏။ “ဆေးရောင်းသူများက      အစာကို ဆေးဖြစ်ဝါးဖြစ်ထုတ်လုပ်ကာ  ချမ်းသာ သွားကြလေသည်။      လူထုကား အာဟာရချို့တဲ့မြဲ။    ။
n