နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်တော် အရှေ့ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်    မေ   ၂၂
ပြည်ထောင်စုနယ်မြေ  နေပြည် တော်  ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယ ဓာတ်ပေါင်းစု   စေတီတော်မြတ် ကြီးပရိဝုဏ်တော်   အရှေ့ဘက် အရပ်ရှိ   မဟာဗောဓိညောင်ပင် တော်အား  (၁၄)  ကြိမ်မြောက် ကဆုန်ညောင်ရေ   သွန်းလောင်း ပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပ ရာ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော် ဝန်   ဦးမောင်မောင်နှင့်   နေပြည် တော်      စည်ပင်သာယာရေး ကော်မတီမှ    တာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက် ကြည်ညိုကြသည်။
ဖတ်ကြားပူဇော်
ဦးစွာ       အခမ်းအနားကို နမောတဿ    သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ် ကာ   အခမ်းအနားမှူးက    မဟာ ဗောဓိညောင်ပင်တော်အား ကဆုန် ညောင်ရေ    သွန်းလောင်းပူဇော် ရန်   ပန်ကြားသည့်   မဟာဗောဓိ ရုက္ခသိဉ္ဇနပူဇာ         ဂါထာတော်ကို ဖတ်ကြားပူဇော်သည်။
ညောင်ရေသွန်းလောင်း
ထို့နောက်     နေပြည်တော် စည်ပင်သာယာရေး      ကော်မတီ ဥက္ကဋ္ဌ၊   မြို့တော်ဝန်၊  ဒုတိယမြို့ တော်ဝန်နှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ တာဝန် ရှိသူများ၊ ဧည့်သည်တော်များက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေ   သွန်းလောင်း ပူဇော်ကြသည်။
ယင်းနောက်   အခမ်းအနား မှူးက အောင်ဆုမင်္ဂလာအမျှဝေ စာတမ်းကို ဖတ်ကြားအမျှပေးဝေ ပြီး    ဗုဒ္ဓသာသနံ      စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို       ဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။                    သတင်းစဉ်