
နေပြည်တော် အောက်တိုဘာ ၁၇
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက လယ်ဝေး မြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ရွှေကျောင်းဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ဆရာတော်ကြီး ငါးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
ရှေးဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါး သီလခံယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကာ (ယာပုံ) ရေစက်သွန်းလောင်း အမျှ ပေးဝေသည်။
ယနေ့ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်းကိုးကျောင်း၊ သီလရှင်ကျောင်းလေးကျောင်း တို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၅၀၂ ပါး၊ သီလရှင် ၅၁၇ ပါးတို့အား စုစုပေါင်း ဆွမ်းဆန်တော် ၁၄၅ အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်