
နေပြည်တော် အောက်တိုဘာ ၂၉
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန မိသားစုတို့က ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ ရေခဲသေတ္တာ တစ်လုံးနှင့် လေအေးပေးစက် လေးလုံးတို့ကို နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ COVID-19 ICU အခန်းအတွက်နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးနှင့် သွားရောဂါအထူးကု ဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများအတွက် စိန်ဟင်္သာ ရိပ်မွန်ကုမ္ပဏီလီမိတက်မှ ထုတ်လုပ် သော ငွေကျပ် ၃၃ သိန်းခန့်တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွပ်ဘူးများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ အစည်းအဝေးခန်းမဆောင်-၂ ၌ ပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် နှင့် ဇနီး မိကျင်သန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဇနီး ဒေါက်တာနန်းခမ်းမိုင်၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးလှမော်ဦး၊ ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က လှူဒါန်း ရသည့် အကြောင်းရင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် နှင့် ဇနီး မိကျင်သန်းတို့က ဝန်ကြီး ဌာနမိသားစုတို့မှ လှူဒါန်းသော နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ COVID-19 ICU အခန်းအတွက် ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ ရေခဲသေတ္တာတစ်လုံးနှင့် လေအေးပေးစက် လေးလုံးတို့ကို ပေးအပ်လှူဒါန်းရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဒုတိယဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်ကြီး ပူးတွဲတာဝန် ဒေါက်တာ အောင်လင်းအေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် နှင့်ဇနီး မိကျင်သန်းက နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကု ဆေးရုံကြီးနှင့် သွားရောဂါအထူးကု ဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများ သုံးဆောင်နိုင်ရန် အတွက် စိန်ဟင်္သာရိပ်မွန်ကုမ္ပဏီ လီမိတက်မှ ထုတ်လုပ်သော ငွေကျပ် ၃၃ သိန်းခန့်တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွတ်ဘူးများကို ပေးအပ်လှူဒါန်း ရာ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်