
နေပြည်တော် ပြည်သူ့လွှတ်တော်ရုံးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန်
======================================================
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာ များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေး အတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်၊ ပြည်သူ့လွှတ်တော်ရုံး၊ ရေးရာ ဆောင်အမှတ် - ၁၂ (I – 12)သို့ ဇန်နဝါရီ ၂၅ ရက် (စနေနေ့)ထက်မစော၊ ဇန်နဝါရီ ၂၆ ရက် (တနင်္ဂနွေနေ့)ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်