
နေပြည်တော် ဇွန် ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ် နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Comm-unity Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများ အရ တရားမဝင်ကျွန်း ၁၃၄ ဒသမ ၉၈၈၆ တန်၊ သစ်မာ ၂၃ ဒသမ ၀၅၄၄ တန်၊ အခြား ၄၁ ဒသမ ၂၉၅၈ တန် စုစုပေါင်း ၁၉၉ ဒသမ ၃၃၈၈တန်၊ တရားခံ ၂၈ ဦး၊ ယာဉ်/ ယန္တရားကိုးစီး ဖမ်းဆီးရမိ ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်