
နေပြည်တော် မတ် ၁၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါ အဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်မှ ၁၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၃၈ ဒသမ ၅၁၄၂ တန်၊ သစ်မာ ၅၁ ဒသမ ၀၃၀၈ တန်၊ အခြားသစ် ၁၉၈ ဒသမ ၀၀၈၈ တန် စုစုပေါင်း ၂၈၇ ဒသမ ၅၅၃၈ တန်၊ တရားခံ ၃၁ ဦးနှင့် ယာဉ်/ယန္တရား ၂၄ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်