နေပြည်တော်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး

ပျဉ်းမနား   ဇွန်   ၂၇
စွမ်းအင်ဝန်ကြီးဌာန ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန          ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြီးကြပ်စစ်ဆေး ရေးအရာရှိရုံး၊      ပျဉ်းမနားမြို့ အနေဖြင့်  နေပြည်တော်အတွင်း ရှိ  ဖွင့်လှစ်ရောင်းချလျက်ရှိသော လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင် ၁၀၀  ကျော်အား  အရည်အသွေး၊ အခြင်အတွယ်    ပြည့်ဝမှန်ကန်မှု ရှိ/မရှိနှင့်   သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း    ရောင်းချခြင်း ရှိ/မရှိတို့အား  ဌာနပိုင် Mobile Fuel Lab    ယာဉ်ဖြင့်   လစဉ် ရှောင်တခင်   ဝင်ရောက်စစ်ဆေး ခြင်းများ  ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလမှ      မေလအထိ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင် ၉၄ ဆိုင်အားလည်းကောင်း၊ ဇွန် ၁   ရက်မှ   ၂၃   ရက်အတွင်း စက်သုံးဆီ အရောင်းဆိုင် ၁၅ ဆိုင် အားလည်းကောင်း အရောင်းဆိုင် စုစုပေါင်း ၁၀၉ ဆိုင်တို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ရာ   အရောင်းဆိုင် များမှာ   အရည်အသွေး၊  အခြင် အတွယ်       ပြည့်ဝမှန်ကန်မှု ရှိကြောင်းနှင့် သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ပြည်သူများ စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင်    အရည် အသွေး၊     အခြင်အတွယ်နှင့် သတ်မှတ်ရည်ညွှန်း    ဈေးနှုန်း အတိုင်း      ဝယ်ယူသုံးစွဲနိုင်ရေး အတွက်   ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်   ၁၈  ဆိုင်ခန့်အား လစဉ်ရှောင်တခင်      ဝင်ရောက် စစ်ဆေးခြင်းများ    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပြည်သူများအနေဖြင့် အရည် အသွေး၊  အခြင်အတွယ်  ပြည့်ဝ မှန်ကန်မှုမရှိသော အရောင်းဆိုင် နှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ထက် ကျော်လွန်ရောင်းချနေသော အရောင်းဆိုင်များ    တွေ့ရှိပါက နေပြည်တော်   ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး  အရာရှိရုံး ပျဉ်းမနားမြို့ ဖုန်း ၀၆၇-၈၀၂၂၀၃၆  နှင့်     တိုင်းဒေသကြီးကြီးကြပ် စစ်ဆေးရေးအရာရှိ ၀၉-၅၂၄၀၃၆၃ သို့ သတင်းပို့ဆက်သွယ်တိုင်ကြား နိုင်ကြောင်း   အသိပေးထုတ်ပြန် ထားသည်။
မျိုးသီဟ(ပြန်/ဆက်)