နေပြည်တော်ကောင်စီ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်   ဩဂုတ်  ၁၀
နေပြည်တော်ကောင်စီမှ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ   အခမ်းအနားကို   ယနေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်  ဖိုးဇောင်းတောင် တောင်ညိုကြိုးဝိုင်း အကွက်အမှတ်(၆၀) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ         ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီ ဝင်များနှင့်   ဌာနကြီးမှူးများ၊   နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊  ကျောင်းသား    ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်     မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြ သည်။
ဦးစွာ   နေပြည်တော်ကောင်စီဥက္ကဋ္ဌက   အမှာ စကားပြောကြားပြီး   ၂၀၂၄ ခုနှစ်  တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မဲဇလီ ပင်ကို စိုက်ပျိုးပေးကာ   နေပြည်တော် ကောင်စီဝင်များ၊  နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင်  သစ်ပင်များကို   စိုက်ပျိုး ကြသည်။
ယင်းနောက်    နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည်    ဌာနဆိုင်ရာဝန်ထမ်းများ၊  ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာများမှ  ပြည်သူများက   သတ်မှတ်နေရာများ အလိုက် မဲဇလီ၊   စိန်ပန်း၊  ကုက္ကို၊  ပိတောက်နှင့် မဟော်ဂနီပင် စသည့်သစ်မျိုး ငါးမျိုး စုစုပေါင်း အပင် ၅၄၀  စုပေါင်းစိုက်ပျိုးနေမှုကို    လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ်    ဗိုလ်ရွေးအခြေခံပညာအထက် တန်းကျောင်း(ခွဲ)၌  ကျောင်းသား  ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက်   စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ တပ်ကုန်းမြို့နယ်  ရေအေးကျေးရွာ အုပ်စု ရေအေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ (KC)ခန်းမ၌  တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ   မှာကြားပြီး    တောင်သူများကို သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်၍ တောင်သူများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပေးပြီး   ကွင်းအမှတ်   ၂၀၄၀   တောင်သူ ဦးဆန်းနိုင်၏ လယ်မြေတွင် Seeder စနစ်ဖြင့် မိုးစပါး စိုက်ပျိုးမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက်    တပ်ကုန်းမြို့နယ်     အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊  ကျေးရွာအုပ်ချုပ် ရေးမှူးများ၊   မြို့နယ်  MSME  အသင်းအဖွဲ့ဝင်များ၊ မြို့နယ် ဆန်၊  ဆီစက်လုပ်ငန်းရှင်များ၊ မြို့မိ၊  မြို့ဖ များနှင့်  တွေ့ဆုံ၍   နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများကို          ဆွေးနွေးမှာကြား သည်။
ထို့နောက်    နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် (၂၄၅/၇) တွင်  တံတားဦးစီးဌာန    တံတား အထူးဖွဲ့(၆) မှ   တာဝန်ယူတည်ဆောက်နေသည့် နဝင်းချောင်းတံတား အရှည်ပေ ၁၉၀ ကို မူလနှစ်လမ်း သွားတံတားမှ      လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်  တည်ဆောက်နေမှုကိုလည်းကောင်း၊ ကန်တော်မင်္ဂလာရှမ်းကန်တွင်      သာယာလှပရေး လုပ်ငန်းများ   ဆောင်ရွက်ထားရှိမှုနှင့်     အများသုံး သန့်စင်ခန်း ဆောက်လုပ်ပြီးစီးမှုကိုလည်းကောင်း၊   ရာဇဌာနီလမ်းပေါ်ရှိ   နှင်းဆီပန်းအဝိုင်း   အဝိုင်း ပတ်လည်နိုင်လွန်ကတ္တရာ      ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန် နှင့်    ပျဉ်းမနားမြို့နယ်ရှိ      ရှမ်းကန်တို့တွင်  (၁၈'x၁၆'x၁၁')ရှိ   အများသုံးသန့်စင်ခန်း   နှစ်ခု ဆောက်လုပ်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း  အခမ်းအနားသို့ တက်ရောက်ပြီး အများသုံးသန့်စင်ခန်းများ ဆောက်လုပ်လှူဒါန်းသည့် Linn IT Solutions Co.,Ltd ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ လယ်ဝေးမြို့နယ်  ပျံချီကျေးရွာရှိ စိုက်ပျိုးစီးပွား   အသိပညာပေးစင်တာ၌   ကျေးရွာ အုပ်စုများမှ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူ များကို    ဟင်းသီးဟင်းရွက်မျိုးစေ့များ    ထောက်ပံ့ ပေးအပ်ပြီး   တောင်သူများက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို  တင်ပြကြရာ   သက်ဆိုင်ရာဌာန များနှင့်   ပေါင်းစပ်ညှိနှိုင်းပေးကာ  တောင်သူများနှင့် အတူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  စိုက်ပျိုးရေး သီးနှံများမှ စွန့်ပစ်ပစ္စည်းများနှင့် EM ဘိုကာရှီ သဘာဝ မြေဩဇာပြုလုပ်မှု    သရုပ်ပြသခြင်းကို    ကြည့်ရှု အားပေးသည်။


ထို့နောက်  ပျံချီကျေးရွာ၌   ကျေးရွာစာကြည့် တိုက်   တည်ဆောက်နေမှုကို   သွားရောက်ကြည့်ရှု စစ်ဆေးပြီး         နေပြည်တော်ကောင်စီဥက္ကဋ္ဌက သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊    ရေရှည် ခိုင်ခံ့စေရေး၊  စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လိုအပ် သည်များကို မှာကြားခဲ့ကြောင်း သိရသည်။       

                                                        
ထွန်းထွန်းဝင်း(ပြန်/ဆက်)