
နေပြည်တော် ဇွန် ၆
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး ဦးစီး၍ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူ များ ဒေသလူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဝေသာလီကျေးရွာသို့ ရောက်ရှိကြသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့ သည် ဝေသာလီကျေးရွာ ရွှေဘုံသာကျောင်းတိုက် ဆရာတော် ဆရာတော်ဘဒ္ဒန္တကုမာရထံ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ဒေသခံများနှင့်တွေ့ဆုံ
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ဝေသာလီကျေးရွာရှိ ရွှေဘုံသာကျောင်း တိုက်၌ သစ်တွန်၊ ပြည်ထောင်ကိုး၊ ဘန့်ဘား၊ ဘို့မ၊ အလယ်ချောင်းနှင့် ကိုးတစ်ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ ဆရာများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားပြည်သူလူထုတို့နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က မြို့ပြနှင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိ စေရေးအတွက် ယခုကဲ့သို့ကွင်းဆင်း၍ လာရောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရရှိမှသာ ဒေသဖွံ့ဖြိုးရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်း လုံခြုံရေးသည် အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုဒေသ တွင် သီးနှံများစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရ ကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး နှစ်ရှည်သီးနှံပင်များ၊ ဒေသနှင့် ကိုက်ညီသည့် ကော်ဖီပင်များစိုက်ပျိုးပါက အောင်မြင် ဖြစ်ထွန်းနိုင်သဖြင့် သက်ဆိုင်ရာဌာနများနှင့် ချိတ် ဆက်၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် တောင်ပေါ်ဒေသကျေးရွာအုပ်စု ခုနစ်အုပ်စု အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များနှင့် ဆရာဆရာမများကို စားသောက်ကုန်များ၊ လူသုံး ကုန် ပစ္စည်းများ၊ ဆေးစိမ်ခြင်ထောင်များ၊ First Aid Kid ဆေးအိတ်များနှင့် ဆေးဝါးများ၊ မျိုးစေ့များ၊ ကလေးကစားစရာပစ္စည်းများ၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တောင်ပေါ်ဒေသကျေးရွာအုပ်စု (၇) အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် စေရေးတို့အတွက် တင်ပြကြရာ ဌာနဆိုင်ရာ တာဝန် ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူး တင်စကားပြောကြားကာ နေပြည်တော်ကောင်စီဝင် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေး
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ဝေသာလီကျေးရွာ ရွှေဘုံသာကျောင်း၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများနှင့် ကလေး ငယ်များကို တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်း ကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေတို့ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်း စီမံချက် အဆင့်(၃) ဖြင့် ဆောင်ရွက်ပေးသည့် မွေး စာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုတို့ကို လည်း ကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ များ၏ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပေးနေမှု ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
သတင်းစဉ်