နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

 

နေပြည်တော်   ဇူလိုင်  ၂၄


နေပြည်တော်ကောင်စီ       ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင် ဦးမင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု ပင်လောင်း လမ်းဆုံ မီးပွိုင့်အနီး ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ထိန်းသိမ်းစီမံဆောင်ရွက် လျက်ရှိသည့်    ရေဆင်းဆည်ရေ သောက်စနစ်     လက်ယာ   (၂) မြောင်းမကြီးနှင့်  မပိုက်ကယ်ရိုးမှ စီးဆင်းလျက်ရှိသည့်    သစ်တပ် ကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်းဟောင်းဘေး    ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန် စေရေးအတွက်    မြောင်းအတွင်း သဲနုန်းတူးဖော်ခြင်း၊  အမှိုက်ဆယ် ခြင်း၊  အမှိုက်များ  ထပ်မံပိတ်ဆို့မှု မရှိစေရေးနှင့် ရေဝပ်မှုများ မရှိစေ ရေးဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး  (အပေါ်ယာပုံ)  လိုအပ်သည်များကို      မှာကြား  သည်။


ထို့နောက်       နေပြည်တော် ကောင်စီဥက္ကဋ္ဌသည်     ပျဉ်းမနား မြို့နယ် ရန်ကုန် - မန္တလေး ကား လမ်းဟောင်းဘေးရှိ  မေတ္တာကန် နှင့် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်တို့သို့ရောက်ရှိပြီး ကန် အတွင်း ကြာပန်းပင်များ စိုက်ထည့် ထားရှိမှု၊         အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန်  ဆောင် ရွက်ထားရှိမှု၊  ကန်ပတ်ဝန်းကျင် တွင်       ရာသီအလိုက်ပွင့်သည့် ပန်းပင်များ စိုက်ပျိုးထားရှိမှုများ နှင့်      သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊       ကန်တော် မင်္ဂလာ  ရှမ်းကန်သာယာလှပရေး နှင့်     ရေလယ်ဘုရားကျောင်း ဆောင်       တည်ဆောက်ပြီးစီးမှု အခြေ အနေကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ     လိုအပ်သည်များ မှာကြားသည်။


ဝိုင်းဝန်းကူညီဆောင်ရွက်


ယင်းနောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည့်        ပြည်ထောင်စု နယ်မြေ    နေပြည်တော်  မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ       လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို    တက် ရောက်၍    နေပြည်တော်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှ ပြောင်းရွှေ့လာသူများ စာရင်းပြုစု ခြင်း၊ ပြောင်းရွှေ့ထွက်ခွာသူများ စာရင်းပြုစုခြင်းတို့ကို    ပြန်လည် စိစစ်ဆောင်ရွက်ရေးနှင့် ၎င်းတို့မှ ထွက်ပေါ်လာသည့်       အချက် အလက်များအရ     အိမ်ထောင်စု လူဦးရေစာရင်း ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရှိ/မရှိ စာရင်း ပြုစု၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်   ဆက်လက်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင် ပြည်သူများ     တိကျမှန်ကန်စွာ ဖြေဆိုနိုင်ရန်နှင့်     ပူးပေါင်းပါဝင် နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက် ကြရမည်ဖြစ်ကြောင်း    ရှင်းလင်း ပြောကြားသည်။


အစည်းအဝေးတွင်   နေပြည် တော်  မြေပြင်ကွင်းဆင်း  စာရင်း ကောက်ယူရေး        ကြီးကြပ်မှု ကော်မတီ        အတွင်းရေးမှူးနှင့် ကော်မတီဝင်များက     မြေပြင် ကွင်းဆင်းစာရင်းကောက်ယူမည့် အခြေအနေများ၊    ၂၀၂၄    ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိ မှုများနှင့်  ဆက်လက်ဆောင်ရွက်ရ မည့်လုပ်ငန်းများကို     ရှင်းလင်း တင်ပြကြရာ    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက        လိုအပ်သည်များကို   ဖြည့်စွက်ဆွေးနွေးမှာကြားသည်။


 ဖြည့်စွက်ဆွေးနွေး


ဆက်လက်၍  နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်     ပြည်ထောင်စု နယ်မြေ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်၍ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် သွင်းကုန် အစားထိုးလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင် ရေး၊ One Region One Product ထုတ်ကုန်များ ပိုမိုတိုးချဲ့ထုတ်လုပ် လာနိုင်ရေး၊  ပြည်ပဈေးကွက်နှင့် ချိတ်ဆက်တင်ပို့ရောင်းချနိုင်ရေး ကိစ္စရပ်များကို  ရှင်းလင်းဆွေးနွေး မှာကြားပြီး  တက်ရောက်လာကြ သူများက    ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း    သတင်းရရှိ သည်။                    

သတင်းစဉ်