နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ဆောင်ရွက်မှုနှင့် လိုအပ်သောအုပ်ချုပ်ထောက်ပံ့မှုများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်   ဇွန်    ၂၀
နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ သည် ယမန် နေ့နံနက်ပိုင်းက တပ်ကုန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌   တပ်ကုန်းမြို့နယ် အတွင်း ပြည်သူ့စစ်(ဌာနေ)များ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့များ၊ ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍      လိုအပ်သောအုပ်ချုပ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။
ဦးစွာ   နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လွတ်လပ်၍  တရား မျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ မဲစာရင်းမှန်ကန်မှုရှိစေရေး အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှု၊ လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်း ကောက်ယူခြင်း  ဆောင်ရွက်သွားမည့် အခြေအနေများ၊    နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက်   အကြမ်းဖက်အဖျက် သမားများကို လူထုအားဖြင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် နယ်မြေအတွင်း အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက် လှုပ်ရှားမှုမရှိစေရေးနှင့် ပြည်ဖျက်သတင်း ဌာနများ၏ မဟုတ်မမှန်သတင်း အမှား များအပေါ်     ယုံကြည်မှုမရှိစေရေး ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်   နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းတို့က ပြည်သူ့ စစ်(ဌာနေ)အဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ များအတွက် ဆန်၊ ဆီများ   ထောက်ပံ့ ပေးအပ်သည်။
ထို့နောက်   ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေး စေလိုသည့်   ပညာရေး၊  ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ   တင်ပြရာ     ဌာနဆိုင်ရာ တာဝန်ရှိသူများက   သက်ဆိုင်ရာကဏ္ဍ အလိုက်    ဖြည့်ဆည်းဆောင်ရွက်မည့် အစီအမံများကို   ရှင်းလင်းဖြေကြားပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့် ပြည်သူ့လုံခြုံ ရေးအဖွဲ့များ၊ ကျေးရွာတာဝန်ရှိ သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဝင်များသည် တပ်ကုန်းမြို့ အနော်ရထာ ရပ်ကွက်   မြို့ရှေ့    စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာန နာယက မြို့နယ်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ စန္ဒာသီရိ သက်တော်ရှည် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများနှင့်   နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်