
နေပြည်တော် ဇွန် ၂၆
(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည် တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အဆင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်း အဖွဲ့များ၊ စေတနာရှင်ပြည်သူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမများ၊ ဗဟိုအဆင့်တွင် ဆုရရှိသူများနှင့် တိုင်းအဆင့် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော် အနေဖြင့် မူးယစ်ဆေးဝါး ကင်းစင်သည့်နိုင်ငံ DRUG FREE NATION ဖြစ်လာစေရေး ကြိုးပမ်းဆောင် ရွက်နေသကဲ့သို့ မိမိတို့အနေဖြင့်လည်း နေပြည် တော်ကို မူးယစ်ဆေးဝါး ကင်းမဲ့သည့်ဒေသ DRUG FREE REGION ဖြစ်လာစေရေး ဝိုင်းဝန်းကာကွယ် ကြရန် လိုအပ်ပါကြောင်း၊ လူသားများအားလုံး၏ ဘဝပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါး ကင်းစင်ပပျောက် ပြီး ကျန်းမာပျော်ရွှင်သည့် လူ့အဖွဲ့အစည်း ဖြစ်လာ စေရန် ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှပေးပိုသည့် သဝဏ်လွှာကို နေပြည်တော် ကောင်စီနယ်မြေ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ဖတ်ကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့်ဆုရရှိ သူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နေပြည်တော် အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများနှင့် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တက်ရောက် လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုကို ကြည့်ရှုအားပေးကြပြီး ခင်းကျင်းပြသထား သည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)