နေပြည်တော်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ် စတင်ဆောင်ရွက်

နေပြည်တော်  မေ   ၂၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ   (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်း များကို ဇွန် ၃  ရက်တွင်   စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံ ရေး   ရက်သတ္တပတ်အဖြစ်   မေ  ၂၃ ရက်မှ   ဇွန်  ၂  ရက်အထိ သတ်မှတ် ထားကာ      ယနေ့တွင်   ကျောင်းအပ်နှံရေး     လုပ်ငန်းစဉ် များကို     တစ်နိုင်ငံလုံး     အတိုင်း အတာဖြင့်   စတင်ဆောင်ရွက်ကြ သည်။
အလားတူ     နေပြည်တော် ကောင်စီနယ်မြေ     အတွင်းရှိ အခြေခံပညာ    ကျောင်းများတွင် လည်း ယနေ့ နံနက်ပိုင်းမှ စတင်၍ “ကျောင်းနေအရွယ်    ကလေး အားလုံး    အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ် ဖြင့်  ကျောင်းအပ်နှံရေးလုပ်ငန်း စဉ်များကို စတင်ဆောင်ရွက်လျက်  ရှိရာ    ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ  ဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျ နှင့်   အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။ 
ကျောင်းအပ်နှံရေး     လုပ်ငန်း စဉ် များ ဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့်စပ်လျဉ်း၍ အမှတ် (၆) အခြေခံပညာ   အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “နိုင်ငံတော်အဆင့် လူထုလှုပ်ရှားမှုအသွင်နဲ့ မေ ၁၆ ရက်မှာ      ကျောင်းအပ်နှံရေး   ရက်သတ္တပတ်ဆိုင်းဘုတ်တွေကို နေပြည်တော် အထင်ကရနေရာ တွေမှာ စိုက်ထူခဲ့ပါတယ်။ ကျောင်း အပ်နှံရေး စတင်ပြင်ဆင်ပြီဆိုတာနဲ့တစ်ပြိုင်နက် ကျောင်းသန့်ရှင်း သာယာလှပရေးနဲ့ ကျောင်းတွင်း ကျောင်းပြင်တွေကို    ပြင်ဆင်ပါ တယ်။  မေ ၂၃ ရက်က   စပြီး ကျောင်းအပ်လက်ခံပြီဆိုတာကို ကျောင်းသားတွေ၊   ကျောင်းသား မိဘတွေ၊ မိဘဆရာအသင်းတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေ၊ ရပ်မိရပ်ဖတွေ၊    သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး တွေနဲ့ ချိတ်ဆက်အသိပေးဆောင် ရွက်ခဲ့ပါတယ်။    ကျောင်းသား အသစ်အဟောင်း   မည်သူမဆို ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါ ဇင်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံ တို့ကို    ကျောင်းလာအပ်တာနဲ့ တစ်ပါတည်းပေးနိုင်ဖို့ ဆောင်ရွက် ထားပါတယ်။ အခြေခံပညာဦးစီး ဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ကျွန်တော့်ကျောင်းမှာ    ဆရာ ဆရာမများနဲ့ပတ်သက်ပြီး အလုံ အလောက်   ရှိပါတယ်။   ဌာန သတ်မှတ်ချက်နဲ့    ကိုက်ညီတဲ့ ကျောင်းတစ်ကျောင်း    ဖြစ်တဲ့ အပြင် သင်ရိုးညွှန်းတမ်းနဲ့ပတ်သက် ပြီး   ဝိရောဓိမရှိလောက်အောင် ကောင်းမွန်အောင်   ဆောင်ရွက် ထားပါတယ်။  သင်ရိုးညွှန်းတမ်းနဲ့ အညီ ခွဲဝေထားတဲ့စာသင်ချိန်က လည်း ပြီးပြည့်စုံတဲ့ ပညာရေးစနစ် တစ်ခုကိုသွားလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။   နိုင်ငံတော်အကြီး အကဲက  စာဖတ်ရှိန်မြှင့်တင်ရေး ကို  အလေးပေး   ဆောင်ရွက်ကြ ဖို့ ညွှန်ကြားထားတာရှိတဲ့အတွက် အချိန်ဇယားခွဲဝေမှုမှာ စာဖတ်ချိန် ကို အလယ်တန်း ၄ ချိန်၊  အထက် တန်း ၃ ချိန်  ပေးထားပါတယ်။ Grade-4 ကစပြီး Grade-12အထိ ကလေးတွေအားလုံးကို   စာအုပ် စာပေဖတ်ရှုဖို့   တရားဝင်အချိန် ဇယားရေးဆွဲပြီး  စီစဉ်ဆောင်ရွက် ထားပါတယ်။    ကျောင်းသား ကျောင်းသူအားလုံး ပညာသင်ယူ နေတာဟာ  အကောင်းဆုံးဖြစ်ပါ တယ်။  ဒါကြောင့်  ပညာသင်ယူဖို့ အခွင့်အလမ်းကို   ကျွန်တော်တို့ ပညာရေးဌာနက  ဝန်ထမ်းတွေနဲ့ မိဘပြည်သူတွေ     ပေါင်းစပ်ပြီး ကလေး၊ လူငယ်အားလုံး ပျော်ရွှင် ကျန်းမာစွာ   ပညာသင်ယူကြပါစို့ လို့   တိုက်တွန်းလိုပါတယ်”  ဟု ပြောကြားသည်။
အမှတ်(၈)   အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်ယမင်းသူက “ကျောင်းအပ်နှံရေးနေ့လို့   စပြီး သိရှိကတည်းက    ကျောင်းဝင်း၊ ကျောင်းပြင်မှာ    သန့်ရှင်းရေး ပြုလုပ်ထားပါတယ်။ စာသင်ခန်း တွေမှာလည်း ခုံတွေ  စနစ်တကျ နေရာချထားပါတယ်။    အခမဲ့ ကျောင်းအပ်နှံရေးဖြစ်တဲ့အတွက် အထက်တန်း၊ အလယ်တန်း၊ မူလ တန်းကျောင်းသား ကျောင်းသူတွေ အတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတွေကို ပေးအပ်သွား မှာ ဖြစ်ပါတယ်။ မူလတန်းအတွက် ကျောင်းဝတ်စုံ    အဖြူအစိမ်းကို လည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းပြောင်း     ကျောင်းရွှေ့ အတွက်    ခက်ခဲတဲ့ဒေသတွေက လာရောက်   အပ်နှံတယ်ဆိုရင် ကျောင်းပြောင်းလက်မှတ်   မပါ သော်လည်း ယာယီလက်ခံထားပါ တယ်။   အမှန်တကယ်ခက်ခဲတဲ့ ဒေသတွေမှာ    တစ်နှစ်ပတ်လုံး ကျောင်းပြောင်း     လက်မှတ် မရောက်ခဲ့ရင်လည်း  လက်ခံပြီး စာမေးပွဲဖြေခွင့်ရအောင်  ဆောင် ရွက်ပေးပါတယ်။    စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဒီနှစ်မှာတော့ စာဖတ်ချိန် အချိန်ဇယားထည့်ဆွဲ ထားပါတယ်။ ယခင်အချိန်စာရင်း တုန်းကလည်း     အတန်းစုံက တစ်ပတ်မှာတစ်ချိန်   စာကြည့် တိုက် တက်ရပါတယ်။ မိဘတွေ အနေနဲ့ မိမိတို့ရဲ့ သား သမီးတွေ ကို ကျောင်းလာအပ်ကြဖို့ ဖိတ်ခေါ် ပါတယ်၊  တိုက်တွန်းပါတယ်”   ဟု ပြောကြားသည်။
အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး   ဒေါ်သက်ထား ဆွေက “ ကျောင်းအပ်နှံရေးရက် သတ္တပတ်အဖြစ် မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်အထိ   သတ်မှတ်ပါ တယ်။ ဒါပေမယ့် ခက်ခဲတဲ့ဒေသ ကဆိုရင် အဆင်ပြေသလို လက်ခံ ပေးသွားမှာဖြစ်ပါတယ်။ ကျောင်း အပ်လက်ခံချိန်ကိုတော့ ဝန်ထမ်း တွေ အများဆုံးနေထိုင်တာဖြစ်တဲ့ အတွက် မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ပါ တယ်။ နွေရာသီကျောင်းပိတ်ရက် မှာဆိုရင်   သင်ကြားရေးဆရာ ဆရာမတွေနဲ့    ကျောင်းသား ကျောင်းသူတွေအတွက် သင်တန်း လေးတွေ   ဖွင့်ပေးထားပါတယ်။ စာဖတ်ရှိန်   မြှင့်တင်ရေးအတွက်  စာကြည့်ချိန်ကို အချိန်ဇယားထဲ ထည့်ဆွဲရမယ်ဆိုတော့ ကျောင်း သား    ကျောင်းသူတွေအတွက် သင့်တော်   ကောင်းမွန်တယ်လို့ ထင်မိပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာကို   မဖြစ် မနေသင်ယူရမှာ   ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့    ကျောင်းကို လာရောက်အပ်နှံကြပါလို့ တိုက် တွန်းချင်ပါတယ်” ဟု   ပြောကြား သည်။
ကျောင်းများပြန်လည်ဖွင့်လှစ် ရာတွင် ကျောင်းသား  ကျောင်းသူ များ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာ သင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ်   ကောင်းမွန်စေ ရန် ဆောင်ရွက်ထားခြင်း၊ ပညာ ရေးဝန်ကြီးဌာနက   ချမှတ်ထား သည့်  စည်းကမ်းသတ်မှတ်ချက် များနှင့်ဆောင်ပုဒ်များ   စိုက်ထူ ထားခြင်း၊ ကျောင်းအပ်ရန် စာသင် ခန်းများပြစနစ်ပုံ ဆိုင်းဘုတ်များ ထားရှိခြင်း၊    စာသင်ခန်းများ အတွင်း၌လည်း စာသင်ခုံများစနစ် တကျ     နေရာချထားခြင်းနှင့်  ကျောင်းတွင်း     ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ  ဆောင် ရွက်ထားသည်ကိုလည်း  တွေ့မြင် ရသည်။
ထို့ပြင်  တာဝန်ထမ်းဆောင် နေသော   ဆရာ   ဆရာမများနှင့်  ကျောင်းလာရောက်   အပ်နှံသည့် ကျောင်းသား    ကျောင်းသူများ ဘေးအန္တရာယ်    ကင်းရှင်းစေရေး အတွက်လည်း    သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများက   လုံခြုံရေးဆောင် ရွက်ပေးလျက်ရှိသည့်      အပြင် ကျောင်းသား    ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့်  ကျောင်းတက်၊ ကျောင်းဆင်း    သွားလာနိုင်ရန် အတွက်  ကျောင်းကြို၊ ပို့ယာဉ်များ ကိုလည်း    စီစဉ်ဆောင်ရွက်ပေး ထားသည်။ 
နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်    ပညာရေး ကျောင်းနှင့်   ကိုယ်ပိုင်ကျောင်း အသီးသီး၌ ယနေ့တွင်   ကျောင်း အပ်နှံရေး    လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်း အဆင့်၌ ၅၂၃၀၆ ဦး၊ အလယ်တန်း အဆင့်၌ ၂၁၀၀၆ ဦးနှင့် အထက် တန်းအဆင့်၌ ၈၇၇၉ ဦး စုစုပေါင်း ၈၂၀၉၁ ဦး လာရောက်အပ်နှံကြ ကြောင်း သိရသည်။
သန့်ဂျိုင်း
ဓာတ်ပုံ - ကိုအေးသန်း