
ဝါရှင်တန် ဇွန် ၁၈
နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများအနက် ၂၃ နိုင်ငံ သည် ယခုနှစ်တွင် ၂ ရာခိုင်နှုန်း ကာကွယ်ရေးအသုံး စရိတ် ပြည့်မီမည်ဖြစ်ကြောင်း နေတိုးအကြီးအကဲက ပြောကြားလိုက်သည်။
နေတိုးမဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၃၂ နိုင်ငံရှိသည့်အနက် ၂၃ နိုင်ငံသည် ယခုနှစ်တွင် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းသုံးစွဲသွားမည်ဆိုသည့် ရည်မှန်းချက်ပြည့်မီမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျန်းစ်စတို တန်ဘာ့ဂျ်က ပြောကြားခဲ့သည်။
ဥရောပမဟာမိတ်နိုင်ငံများနှင့် ကနေဒါနိုင်ငံ တို့သည် နေတိုးမဟာမိတ်အဖွဲ့ဝင်အားလုံးအားကာကွယ်ရန် ၎င်းတို့၏ ဘုံတာဝန်ကို တိုးမြှင့် လုပ်ဆောင်နိုင်ရန် အမှန်တကယ်ကြိုးပမ်းဆောင် ရွက်နေခြင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း နေတိုးအကြီးအကဲက ပြောကြားလိုက်သည်။
ကာကွယ်ရေးအသုံးစရိတ် နှစ်ရာခိုင်နှုန်းပြည့်မီ မည့် နေတိုးမဟာမိတ်အဖွဲ့ဝင် အရေအတွက်သည် မိမိ၏သမ္မတ တာဝန်စတင်ထမ်းဆောင်ချိန်ကထက် နှစ်ဆကျော်တိုးလာမည်ဟု ဘိုင်ဒင်က ပြောကြား ခဲ့ပြီး နေတိုးအဖွဲ့၏တိုးတက်မှုအပေါ် ကြိုဆိုခဲ့သည်။
အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိရန် ရည်ရွယ် ထားသည့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကလည်း နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ရေးတွင် ငွေပိုမိုသုံးစွဲဖို့ တိုက်တွန်း ပြောကြားခဲ့သည်။ အင်န်အိတ်ချ်ကေ